Connect with us

Education & Health

လူတိုင်း လက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု စနစ်သို့ရောက်ရှိစေရန် စီစဉ်ကြမည့် ပထမဦးဆုံးသော မြန်မာ ကျန်းမာရေးဖိုရမ် နေပြည်တော်တွင် ပြုလုပ်မည်

မြန်မာနိုင်ငံ ကျန်းမာရေး ဆွေးနွေးပွဲ (Myanmar Health Forum) တံဆိပ် (ဓာတ်ပုံ- MHF )

ရန်ကုန် ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ပထမဦးဆုံး ဖြစ်သည့် မြန်မာနိုင်ငံ ကျန်းမာရေး ဆွေးနွေးပွဲ (Myanmar Health Forum) ကို ဇူလိုင်လ ၂၈ နှင့် ၂၉ ရက်များတွင် နေပြည်တော်ရှိ MICC-2 ၌ ကျင်းပမည်ဟု သိရသည်။

နှစ်ရက်တာ ကျင်းပမည့် မြန်မာနိုင်ငံ ကျန်းမာရေး ဆွေးနွေးပွဲတွင် မျက်နှာစုံညီနှင့် စင်ပြိုင် ဆွေးနွေးပွဲ ကဏ္ဍများ ပါဝင်မည် ဖြစ်သည်။ ယင်းတို့တွင် ကျန်းမာရေး ကဏ္ဍ ပြုပြင် ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှု၊ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသော ကျန်းမာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လိုအပ်မှုများမှ စ၍ တစ်ကမ္ဘာလုံး ကျန်းမာရေး အကြုံးဝင်မှုကို ရရှိရေးနှင့် ကျန်းမာရေး ကဏ္ဍနှင့် အခြားသော ကဏ္ဍများ၏ အချင်းချင်း အပြန်အလှန် အကျိုးပြု အားထားရမှု အထိ အလွန်အရေးပါသည့် ကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု သိရသည်။

MHF ကို မြန်မာနိုင်ငံ ကျန်းမာရေး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီ ၊ UNAIDS ဌာနေရုံးနှင့် အခြားသော ဖွံ့ဖြိုးတိုးတတ်ရေး ဆိုင်ရာ မိတ်ဖက်များ၏ ကူညီ ထောက်ပံ့မှုများဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကျန်းမာရေး ဆွေးနွေးပွဲသည် ကျန်းမာရေး ကဏ္ဍတွင် ရှိသော တိုးတက်မှုများကို ပြသနိုင်ရန်နှင့် အနာဂတ်အတွက် ၎င်းတို့၏ စီမံကိန်းများကို တင်ပြနိုင်သော အခွင့်အရေး တစ်ရပ်လည်း ဖြစ်လိမ့်မည်။ MHF ၏ အလုံးစုံသော အဓိက ရည်မှန်းချက်မှာ ၂၀၃၀ ခုနှစ်တွင် အကောင်အထည်ဖော်ရမည့် လူတိုင်းနှင့် လက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု စနစ်သို့လျှောက်လှမ်းမည့် လမ်းကြောင်းပေါ်တွင် စတင်စေရန် ဖြစ်သည်ဟု MHF မှ သတင်း ထုတ်ပြန်ထားသည်။

ယင်း ဆွေးနွေးပွဲသို့ ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြားသော ဝန်ကြီးဌာနများမှ ကျွမ်းကျင် ပညာရှင်များနှင့် အဆင့်မြင့် ကိုယ်စားလှယ်များ ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊ အပြည်ပြည်ဆိုင်ရာ ဟောပြောပို့ချသူများ ၊ နိုင်ငံ တကာဆိုင်ရာနှင့် နှစ်နိုင်ငံ ဆိုင်ရာ ဖွံ့ဖြိုး တိုးတတ်ရေး လုပ်ဖော်ကိုင်ဖက်များ ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပညာရှင်များ အပါအဝင် ကျန်းမာရေး ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ မဟုတ်သော လှုပ်ရှား ဆောင်ရွက်သူ ၇၀၀ ဦးခန့်တတ်ရောက်မည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။ (Xinhua)