Connect with us

Education & Health

တီဘီရောဂါအတွက် အမေရိကန် ဒေါ်လာ ၄သန်းကျော် သုံးစွဲမည်

တီဘီရောဂါ ကုသရေးဆေးခန်း တစ်ခု (ဓာတ်ပုံ- UNITAID)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ဆေးယဉ်ပါး တီဘီရောဂါအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အမေရိကန် ဒေါ်လာ ၄.၇ သန်းထိ သုံးစွဲမည်ဖြစ်ကြောင်း ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ပြောကြားသည်။

ကျန်းမာရေး ဝန်ကြီးဌာနက ရှာဖွေ တွေ့ရှိထားသည့် မြို့နယ် ၁၀၈ မြို့နယ်ရှိ ဆေးယဉ်ပါး တီဘီ လူနာများ ၁,၀၀၀ ကျော်အတွက် အမေရိကန် ဒေါ်လာ ၄.၇ သန်းသည် ဆေးစရိတ်ဖြစ်ပြီး ယခင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဆေးယဉ်ပါးတီဘီ လူနာ ၆၀၀ ကို တာဝန်ယူ ကုသ ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ဆေးယဉ်ပါး တီဘီ ကုသမှုကို မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ် ဇူလိုင်လက စတင် ကုသခဲ့ပြီး လက်ရှိ အချိန်ထိ စုစုပေါင်း လူနာ ၃,၀၀၅ ဦးကို ကုသ ပေးခဲ့သည်။

တီဘီရောဂါ စတင်ဖြစ်ပွားသော လူနာသစ်များ ထဲတွင် ဆေးယဉ်ပါး တီဘီ လူနာ ၅ ရာခိုင်နှုန်းရှိပြီး ပြန်ဖြစ် လူနာများတွင်၂၇ ရာခိုင်နှုန်း ဆေးယဉ်ပါးမှု ဖြစ်ပွားနေသည်။

နှစ်စဉ် တီဘီ ဆေးယဉ်ပါး တီဘီလူနာသစ် ၆၀၀၀ လောက်အထိ ရှိနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သုံးသပ်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117