ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်နိုင်ငံလုံး ရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ် ကို ဖြေဆိုမှုရာခိုင်နှုန်း ၉၆.၈၁ ရာခိုင်နှုန်းရှိပြီး၊ ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုသူ ၉၄.၀၀ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားစွာရှိနေသည့် ယခုအချိန်တွင် ခရမ်းလွန်ရောင်ခြည်အန္တရာယ် ပိုမိုကျရောက်နိုင်သည့်အတွက် ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးနှိုးဆော်ချက် အား ကျန်းမာရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) အာဖရိကဝက် အပြင်းဖျားရောဂါ (African Swine Fever-ASF) မြန်မာနိုင်ငံ သို့ ရောဂါကူးစက်ဝင်ရောက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်မှုများ အားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဓာတုဗေဒ ဘာသာရပ် ဖြေဆိုသူပေါင်း ၇၂၅,၇၀၁ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) မတ်လ ၆ ရက် တွင် စတင်ကျင်းပသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အင်းစိန်ဗဟို အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇၃ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း အင်းစိန်ဗဟို အကျဉ်းထောင်မှ သိရသည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို မတ်လ ၆ ရက် တွင် စတင်ဖြေဆိုကြရာ စာစစ်ဌာနစုစုပေါင်း ၁၈၈၆ ခုတွင် ဖြေဆိုသူပေါင်း ၈၅၁,၅၇၀ ရှိ ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အတွင်းဖြေ ၆၈,၆၁၄ ဦး၊ အပြင်ဖြေ ၂၆,၃၂၆ ဦး၊ စုစုပေါင်း ၉၄,၉၄၀ ဦးတို့ ဝင်ရောက် ဖြေဆိုသွားမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၃) စတင်ခြင်း (Strategic Plan 2019-2023 launching) အခမ်းအနားကို ရန်ကုန်မြို့ရှိ Pullman Hotel တွင် မတ်လ ၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီးအတွင်း ပထမဦးဆုံး ဆီသန့်စီမံချက် တစ်ရပ်ကို ၂၀၁၉ ဧပြီ ၁ ရက်မှစတင်လုပ်ဆောင်ရန် လျာထား ပြီး စားသုံးသူများအား မှန်မှန်ကန်ကန် သတင်းအချက်အလက် ပေးရေးနှင့် စားဆီတိုင်းတွင် ဘေးအန္တရာယ်ဖြစ်စေသည့်အရာ များ မပါဝင်စေရန် ယင်းစီမံချက်က ရည်ရွယ်လုပ်ဆောင်မည် ဖြစ်ကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် မှ ရှောင်တခင်စစ်ဆေးခဲ့ ရာ သောက်ရေသန့်လုပ်ငန်းအချို့မှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့် ကိုက်ညီမှု မရှိကြောင်း သတင်းထုတ်ပြန်သည်။