Connect with us

Education & Health

နေပြည်တော်တွင် စာချုပ် ဆေးခန်း စတင်ဖွင့်လှစ်

လူမှုဖူလုံရေး - မေမေ ဆေးခန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပနေစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၂၆ ရက်(ဆင်ဟွာ)

နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် အာမခံ အလုပ်သမားများ၏ ကျန်းမာရေး စောင့် ရှောက်မှုကို အပြည့်အ၀ ရရှိစေရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန၊ လူမှု ဖူလုံရေး အဖွဲ့နှင့် မေမေ အထွေထွေ ရောဂါကု ဆေးခန်းတို့ပူးပေါင်း ဝန်ဆောင်မှုပေးမည့် စာချုပ် ဆေးခန်း (Contract Clinic) အား နေပြည်တော်၏ ပထမဆုံး စာချုပ် ဆေးခန်းအဖြစ် ယနေ့ စတင် ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနား၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးသိန်းဆွေက “စာချုပ် ဆေးရုံ၊ ဆေးခန်းတွေရဲ့ အားသာချက် အားနည်းချက်တွေကို ပြန်လည် ဆန်းစစ် သုံးသပ်ပြီး ပိုမို ထိရောက် ကောင်းမွန်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုကို အာမခံ အလုပ်သမားများ ရရှိနိုင်အောင် ဆောင်ရွက်သွားပါမယ်၊ ရန်ကုန်နဲ့ ကျန်တဲ့ တိုင်းဒေသကြီး ပြည်နယ် တွေမှာ လည်း အလားတူ ဆေးခန်းတွေကို မကြာခင်မှာ ဆက်လက် ဖွင့်လှစ်သွားပါ့မယ်” ဟု ပြောကြားခဲ့သည်။

လူမှု ဖူလုံရေး အဖွဲ့ဝင် အာမခံ အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုမများကို မြှင့်တင် ဆောင်ရါက်နိုင်ရန် နိုင်ငံအတွင်းရှီ ဆေးရုံ၊ ဆေးခန်းများနှင့် ပူးပေါက်းလျက် နိုင်ငံတကာ၌ ကျင့်သုံး ဆောင်ရွက်လျက် ရှိသော ဝန်ဆောင်မှု ပေးသူနှင့် ဝန်ဆောင်မှု ဝယ်ယူသူ ခွဲခြား လုပ်ကိုင်သည့် PPS(Provider – Purchaser Split) စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စာချုပ် ဆေးခန်းများကို ၂၀၁၈ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း၊ ယခု ူမှုဖူလုံရေး အဖွဲ့ -မေမေ အထွေထွေ ရောဂါကု ဆေးခန်းကို စမ်းသပ် စီမံကိန်း(Pilot Project) အဖြစ် ထပ်မံ တိုးချဲ့ ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံ အလုပ်သမားများ၏ ကျန်းမာရေး ဝန်ဆောင်မှုကို အလွယ်တကူ လက်လှမ်းမီ ရရှိနိုင်စေဖို့ ဦးစားပေး အစီအစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိရာ ပထမ အဆင့်၌ ပြင်ပလူနာများအတွက် ဝန်ဆောင်မှုအား အခြား ဆေးရုံ ဆေးခန်းများမှ ဝယ်ယူခြင်း၊ ဒုတိယအဆင့်အနေဖြင့် ဆေးရုံတက် လူနာ ကုသမှု ဝန်ဆောင်မှုအား အခြား ဆေးရုံများမှ ဝယ်ယူ ခြင်း၊ တတိယ အဆင့် – လူမှု ဖူလုံရေး အဖွဲ့ပိုင် ဆေးရုံ ဆေးခန်းများကို ပုဂ္ဂလိကနှင့် စာချုပ် ချုပ်ဆို ပြီး အဆင့်မြှင့်တင်ခြင်း၊ အဖွဲ့ပိုင် ဆေးရုံ ဆေးခန်းများကို မိမိအစီစဉ်ဖြင့် အဆင့်မြှင့်တင်ခြင်း တို့ကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ အဖွင့် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

မေမေ ဆေးခန်း၏ CEO ဒေါက်တာ ကျော်ခိုင် ရှင်းလင်း တင်ပြစဉ်။(ဆင်ဟွာ)

မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း နေပြည်တော်ဇုန် ဥက္ကဌ ဦးသန်းထွန်း အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

အလုပ်သမား ကိုယ်စားလှယ် ဒေါ်ဝင်းသီတာ ကျေးဇူးတင်စကား ပြောကြားစဉ်။(ဆင်ဟွာ)

ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ ပေးအပ်ကြစဉ်။(ဆင်ဟွာ)

ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ ပေးအပ်ကြစဉ်။(ဆင်ဟွာ)

ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ ပေးအပ်ကြစဉ်။(ဆင်ဟွာ)

ထိုသို့ ဆောင်ရွက်ရာတွင် လက်ရှိ၌ အကျိုံးဝင် အာမခံ အလုပ်သမား ၁ ဒသမ ၂၉ သန်းအတွက် မြို့နယ် ၁၁၆ မြို့နယ်တို့တွင် အလုပ်သမား ဆေးရုံကြီး သုံးရုံ၊ ခရိုင်ရုံး လေးရုံး၊ မြို့နယ် ရုံးခွဲပေါင်း ၇၈ ရုံး၊ မြို့နယ် ဆေးခန်းပေါင်း ၉၆ခခန်း၊ ဌာနကြီး ဆေးခန်း ၅၆ခန်း၊ တိုင်းရင်းဆေးကုခန်း တစ်ခန်း၊ လူမှုဖူလုံရေး carewell ဆေးခန်း လေးခန်း၊ မြိတ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ မဟာအောင်မြေ နှင့် ပြည်ကြီးတံခွန်မြို့နယ်များတွင် ဖွင့်လှစ်ထားသော PPS (Provider Purchaser Split) စမ်းသပ် ဆေးခန်း ငါးခန်းတို့အပြင် ရွေ့လျားဆေးကုသယာဉ် နှစ်စီးတို့ဖြင့် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

နေပြည်တော် သင်္ဂဟဟိုတယ်၌ ပြုလုပ်သည့် အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အတူ နေပြည်တော် ကောင်စီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနား၏ ဒုတိယပိုင်း အစီအစဉ်ဖြစ်သည့် ဆေးခန်း ဖွင့်ပွဲကို ဆေးခန်း တည်ရှိရာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေ ကုန်း၊ ဇီဝက ဆေးဆိုင်တန်းသို့ သွားရောက် ဖွင့်လှစ်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.