Connect with us

Education & Health

တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကျပ်သန်းပေါင်း ၄၀၀၀ သန်းကျော်ခန့် ခွင့်ပြုထားဟုဆို

(၂၀၁၉)ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ- ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

နိုင်ငံတော်အစိုးရသည် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကျပ်သန်းပေါင်း ၄၀၀၀ သန်းကျော်ခန့် ခွင့်ပြုထာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားသည်။

တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် (၁၉၉၅-၁၉၉၆) ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း(၁၄)သန်း ခွင့်ပြုသုံးစွဲခဲ့ရာမှ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း (၅၅၆၈) သန်း၊ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း (၄၂၄၁) သန်း၊ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း (၄၀၀၀) သန်းကျော်ခန့် ခွင့်ပြုပေးခဲ့ပြီး (၂၀၁၇) ခုနှစ်အတွင်း ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ အမေရိကန်ဒေါ်လာ (၁၉)သန်းနှင့် 3MDG အဖွဲ့မှ အမေရိကန်ဒေါ်လာ (၁.၂) သန်းတို့ကို ပံ့ပိုးပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဘဏ္ဍာငွေနှင့် ရန်ပုံငွေများကို စနစ်တကျ အကျိုးထိရောက်စွာ အသုံးချ ဆောင်ရွက်လျက်ရှိကြောင်း၊ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်နိုင်စေရေးအတွက် အသုံးချ သုတေသနလုပ်ငန်းများကိုလည်း တစ်ပါတည်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် တီဘီလူနာသစ် တစ်သိန်း ကိုးသောင်းခန့်ဖြစ်ပွားမည်ဟု ခန့်မှန်းပြီး တီဘီလူနာ တစ်သိန်းလေးသောင်းခန့်ကို ရောဂါရှာဖွေကုသမှုပေးနိုင်ခဲ့သောကြောင့် ပြည်သူလူထုအတွင်း တီဘီလူနာ(၅၀,၀၀၀)ခန့် ကျန်ရှိနေသေးသဖြင့် တီဘီလူနာကွင်းဆင်း ရှာဖွေကုသခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံ (၃၀)တွင် ပါဝင်နေပြီး အဆိုပါနိုင်ငံ (၃၀) စာရင်းတွင် မပါရှိရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်း (၃၀)ခန့် နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ပြင်ပ အထွေထွေရောဂါကုဆရာဝန် စုစုပေါင်း(၂၄၀၀)ခန့်လည်း တီဘီရောဂါတိုက်ဖျက်ရေးတွင် ပါဝင် ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.