Connect with us

Education & Health

မြန်မာနိုင်ငံ၌ ခွေးကိုက်ခံရသည့် လူနာများအား ကုသရေးဌာနများ ဖွင့်လှစ်မည်ဟုဆို

ဌာနများ ဖွင့်လှစ်နိုင်ရေး ရှင်းလင်း တင်ပြမှု အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ - Ministry of Health and Sports, Myanmar )

ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ခွေးကိုက်ခံရသည့် လူနာများအား ကုသရေးဌာန(Dog Bite Center)များ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ခွေးကိုက်ခံရသည့် လူနာများအား ပြုစုကုသရေးဌာနများ ဖွင့်လှစ်ခြင်းဖြင့် လူနာများအား ပိုမိုစနစ်ကျ ထိရောက်စွာ ကုသမှု ပေးနိုင်မည် ဖြစ်ပြီး ဆေးအလေ အလွင့်ဖြစ်မှုကိုလည်း များစွာလျှော့ချနိုင်မည် ဖြစ်ကာ နိုင်ငံတော်၏ ဘဏ္ဍာငွေများ ကိုလည်း ပိုမိုအကျိုးရှိ ထိရောက်စွာဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ဌာနများ ဖွင့်လှစ်နိုင်ရေး ရှင်းလင်း တင်ပြမှု အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ခွေးကိုက်ခံရသည့် လူနာများအား ကုသရေးဌာနများကို ရန်ကုန်တိုင်းဒေသကြီးတင်သာမက မန္တလေးတိုင်းဒေသကြီး တွင်ပါ အမြန်ဆုံး စတင် ဖွင့်လှစ်ရမည် ဖြစ်ပြီး အခြားလိုအပ်သည့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ပါ ထပ်မံ၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ခွေးကိုက်ခံရသူ အရေအတွက်မှာ တစ်စထက်တစ်စ များပြားလျက်ရှိရာ ၂၀၁၈ ခုနှစ်တွင် ၁၉၀,၀၀၀ ဦးကျော် ရှိကြောင်း ၊ ဝန်ကြီးဌာနမှ နှစ်အလိုက် ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး နှင့် ခွေးရူးပြန်ရောဂါကုသမှု ပဋိပစ္စည်းများအား ဝယ်ယူလျက်ရှိရာ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၅.၄ ဘီလီယံခန့် သုံးစွဲ ဝယ်ယူ ခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးခဲ့မှုများကြောင့် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ သိသာစွာ ကျဆင်းလာခဲ့ကြောင်း ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ကြွက်သားထဲသို့ထိုးနှံခြင်း (intramuscular) အစား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသည့် အကျိုးထိရောက်မှု တန်းတူဖြစ်ပြီး ဆေးဝါးကုန်ကျမှု ထက်ဝက်သက်သာသော အရေပြားထဲသို့ ထိုးနှံခြင်း (intradermal) ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးမှ သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117