Connect with us

Education & Health

စစ်ကိုင်းတိုင်းဒေသကြီး၌ အစာအဆိပ်သင့်ပြီး လူ ၁၈ ဦး ဆေးကုသမှုခံယူလျက်ရှိ

ချောင်းဦး မြို့ဝင်ဆိုင်းဘုတ်အားတွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် မတ် ၂၈ ရက် နံနက်ပိုင်းက အစာအဆိပ်သင့်ပြီး လူ ၁၈ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကြက်သွန်စိုက်ခင်း အလုပ်သမားများကို ထန်းရည်ဆိုင်မှ ထန်းရည်များအား ဓာတ်ဆီထည့်သည့် ပုံးခွံဖြင့် ဝယ်ယူတိုက်ခဲ့ရာ အစာအဆိပ်သင့်၍ မူးဝေအော့အန်မှုဖြစ်ပွားခဲ့ပြီး ချောင်းဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ အစာအဆိပ်သင့်သူ ၁၈ ဦးအနက် ကျား ၂ ဦးအား မုံရွာပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသခဲ့ကြောင်း သိရသည်။အဆိုပါ ထန်းရည်သွားရောက်ဝယ်ယူသူအား ချောင်းဦးမြို့မရဲစခန်း(ပ)၉၃/၂၀၁၉၊ ယစ်မျိုးအက်ဥပဒေ ပုဒ်မ ၃၇ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.