ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံသားတိုင်းကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံအားကောင်းလာစေရန် Mobile Medical Team ဖြင့် ကျေးရွာများသို့ အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) မျိုးဆက်ခြားကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိဘဲ လုံလောက်စွာရရှိရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် UNFPA မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Ms. Janet Elizabeth Jackson နှင့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ဘေးအန္တရာယ် ကျရောက်သည့်အခါ ပြည်သူလူထုအား အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မှာကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းပုံစံသစ်ကို နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့ရှိ မြို့နယ် (၇) မြို့နယ်သို့ မီးခိုးငွေ့များ ပျံ့နှံ့ခဲ့ကြောင်း၊ (၂၄-၄-၂၀၁၈) ရက်နေ့၊ နေ့လယ် (၂) နာရီအထိ မီးခိုးငွေ့မွှန်၍ အသက်ရှုကြပ်ခြင်းကြောင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ကုသမှုခံယူသူ...
ပေကျင်း ၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့က ယီမင် Houthis လက်နက်ကိုင် အဖွဲ့အစည်း သည် မတ်လ ၂၅ ရက်နေ့ ညပိုင်းအချိန်တွင် ဆော်ဒီအာရေဗျ နိုင်ငံ အတွင်းသို့ ဒုံးကျည် ၇ စင်းဖြင့် တိုက်ခိုက်...
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ကူးစက်ရောဂါများအတွက် ကာကွယ်နှိမ်နင်းရေးနှင့် ကုသရေးလုပ်ငန်းများကို စနစ်တကျ ထိရောက်စွာဆောင်ရွက် သွားရန် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်သည့် အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း ဦးဆောင်သည့်အဖွဲ့က လူမှုကွန်ရက်တွင် အမည်ထွက်နေသောဆေးခန်း၂ခုဖြစ်သည့် လူထုမေတ္တာ(မရမ်းကုန်း)နှင့် ရောင်နီဦးဆေးခန်းတို့အား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အလုံဈေး ရှိ အစားအသောက်များနှင့် ဆေးဆိုင်များအား ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ၊ သတ်မှတ်ချက် နှင့်ကိုက်ညီမှုမရှိသည့်ဆေးဆိုင်များကို အရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးသူဈေးသားများကိုလည်းအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ခရမ်းလွန်ရောင်ခြည်လတ်တလောထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုမည်းလာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည့်အတွက် သတိပြုကာကွယ်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှတိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်သည်။