Connect with us

Education & Health

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် စာစစ်ဌာနများမှ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့် ကြေညာပေးမည်

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ် ဆယ်တန်းစာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် မတ်လတွင် ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို ဇွန် (၂) ရက်၊ စနေနေ့ နံနက် (၆)နာရီတွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း တစ်ရက်တည်း အပြီး ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနများမှ အောင်မြင် ကြသူများ အတွက် ယခင်နှစ်များကအတိုင်း အောင်စာရင်းထွက်သည့်နေ့၌ မြန်မာ့ အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ နံနက် (၆)နာရီတွင် စတင် ထုတ်လွှင့် ကြေညာပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ထုတ်လွှင့်ပေးမည့် စာစစ်ဌာနများမှာ ကချင်ပြည်နယ်မှ ဆင်ဘို၊ တနိုင်း၊ ရှင်ဗွေယန်၊ ချီဖွေ၊ ဆဒုံး၊ ခတ်ချို၊ မိုင်းနား၊ ဖားကန့်၊ ဆိပ်မူ၊ တာမခန်၊ လုံးခင်း၊ ကာမိုင်း၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ပူတာအို၊ ဆွမ်ပရာဘွမ်၊ မချမ်းဘောနှင့် နောင်မွန်းစာစစ်ဌာန၊ ကယားပြည်နယ်မှ ရှားတော၊ ဒီးမော့ဆို၊ ဒေါငံခါး၊ နန်းမယ်ခုံ၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့ စာစစ်ဌာန၊ ကရင်ပြည်နယ်မှ လိပ်သို၊ ဖာပွန်၊ ကမမောင်း၊ ကြာအင်း ဆိပ်ကြီး၊ ဘုရားသုံးဆူ၊ တံခွန်တိုင်၊ ကျိုက်ဒုံနှင့် သင်္ဃန်းညီနောင် စာစစ် ဌာန၊ ချင်းပြည်နယ်မှ ရိခေါဒါးရ်၊ ကျီခါး၊ ထုတ်လိုင်၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေး၊ မတူပီ၊ လိုင်လင်းပီ၊ ရေဇွာ၊ ပလက်ဝနှင့် ဆမီး စာစစ်ဌာန၊ ရခိုင်ပြည်နယ်မှ လက်ပံပြား၊ သဝင်ချောင်း၊ စေတီပြင်၊ လောင်းချောင်း၊ ကူတောင်၊ စစ်တော၊ ကပိုင်ချောင်း၊ ကွမ်းချောင်း၊ ဇင်ချောင်း၊ ဂုံးချွိန်၊ မင်းပြင်၊ မာန်အောင်၊ ဇရပ်ကုန်းခင်၊ ကမား၊ ဂွ၊ ကျိန္တလီ၊ ဆပ်သွား၊ မောင်တော၊ ဘူးသီးတောင်၊ စေတီတောင်နှင့် လက်ဝဲဒက်ပုဇွန်ချောင်း စာစစ်ဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံနှင့် မိုင်းပျင်း စာစစ်ဌာန၊ ရှမ်းပြည်နယ် (မြောက်)မှ ကွမ်းလုံ၊ ဟိုပန်၊ လောက်ကိုင်၊ နမ့်ဆန်(မ)၊ မန်တုံ၊ မိုးမိတ်၊ မကျည်းပင်၊ မဘိမ်းနှင့် ငါးအိုးစာစစ်ဌာန၊ ရှမ်းပြည်နယ် (တောင်)မှ တင်းတက်၊ ဆောင်းပြောင်း၊ ပင်ခွန်၊ မိုင်းကိုင်၊ ကျေးသီးမံစံ၊ မိုင်းနောင်၊ ကွန်ဟိန်း၊ မိုင်းရှူး၊ ဝမ်ကန်၊ တုန်ဟုန်း၊ မောက်မယ်နှင့် မိုင်းပန် စာစစ်ဌာန၊ တနင်္သာရီတိုင်းဒေသကြီးမှ မေတ္တာ၊ ကတ္တလူ၊ စခန်းသစ်၊ ကံမော်၊ သဇင်၊ ပုလော၊ ပုလောက်၊ ပလ၊ ဘုတ်ပြင်းနှင့် ပြည်ကြီးမဏ္ဍိုင် စာစစ်ဌာန၊ မကွေးတိုင်းဒေသကြီးမှ ပေါက်၊ စသိန်း၊ ဇီးပြား၊ ကိုင်းလယ်၊ ရေပြာ၊ နံ့သာ၊ ကမ်းပျို၊ စေတုတ္တရာ၊ တန့်လည်ကျင်း၊ ဘူး၊ ငဖဲ၊ ပဒါန်း၊ ထီးလင်း၊ ကျင်းရွာ၊ ရေမျက်နီ၊ ညောင်ကန်၊ ဆေးမင်းတော၊ ဆော၊ ကျောက်ထု၊ တပြင်း၊ ကံကြီးနှင့် လျောင်းရှည်စာစစ် ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လေရှီး၊ ဆွမ္မရာ၊ လဟယ်၊ မော်လိုက်၊ ကင်းတပ်၊ ပန်းသာ၊ ဖောင်းပြင်၊ သရောင်း၊ ရေအောက်တောင်း၊ မင်းယား၊ နန်းယွန်းနှင့် ပန်ဆောင်စာစစ်ဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်း စာစစ်ဌာနတို့ ဖြစ်သည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြေညာချက်များကို မြန်မာနိုင်ငံအထက်ပိုင်း ဒေသရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော စာစစ်ဌာနများအတွက် လှိုင်းတို ၅၀ ဒသမ ၇၁ မီတာ (၅၉၁၅ ကီလိုဟက်ဇ်) နှင့် လှိုင်းတို ၃၀ ဒသမ ၈၅ မီတာ (၉၇၃၀ ကီလိုဟက်ဇ်) တို့မှ လည်းကောင်း၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသရှိ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော စာစစ်ဌာနများအတွက် လှိုင်းလတ် ၄၁၁ ဒသမ ၅၂ မီတာ (၇၂၉ ကီလိုဟက်ဇ်) မှလည်းကောင်း သက်ဆိုင်ရာ တိုင်းရင်းသားဒေသ အသီးသီးရှိ FM အစီအစဉ်များမှ တိုင်းရင်းသား အစီအစဉ်များတွင် လည်းကောင်း ဖမ်းယူနားဆင်နိုင်ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.