Connect with us

Education & Health

မူးယစ်ဆေးဝါး အန္တရာယ်ကို တိုက်ဖျက်ရေးမှာ အမျိုးသားရေး တာဝန်ဖြစ်ကြောင်း သမ္မတပြောကြား

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့  ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

မျိုးဆက်သစ်လူငယ်များကိုလူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ်အားစုပေါင်း နှိမ်နင်းကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့နံနက် တိုက်တွန်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ဖြည်းဖြည်းချင်း ဝါးမျိုပြီး ကျွန်တော်တို့ရဲ့ လူငယ်တွေ ကိုအညွန့်ချိုးနေတဲ့၊ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အနာဂတ်ကိုတစ်စစီနင်းခြေပစ်နေတဲ့ ဒီ မူးယစ်ဆေးဝါး အန္တရာယ်ကို ကျွန်တော်တို့အားလုံး ပြည်သူနဲ့ အတူစုပေါင်းနှိမ်နင်းကြဖို့ အထူးအလေးအနက်ထားတိုက်တွန်းပြောကြားလိုပါတယ်” ဟုနေပြည်တော် MICC II တွင် ယနေ့နံနက် ကျင်းပသော ‘အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့’ အခမ်းအနားတွင် နိုင်င့တော် သမ္မတကအဖွင့်မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ အချိန်တွင် မိမိတို့၏ မျိုးဆက်သစ် လူငယ်များကိုလူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ် ကိုတားဆီးကာကွယ်ရန်မှာ ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေး တာဝန်ကြီးတစ်ရပ် အဖြစ် အရှိန်အဟုန် မြှင့်တင်ကြိုးပမ်းကြရန် အထူးအရေးကြီးကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်ကိုမိမိတို့ အားလုံးညီညီညွတ်ညွတ်ဖြင့် မတိုက်ဖျက်နိုင်ပါကနောင်လာမည့် ဆယ်စုနှစ်အတွင်းမိမိတို့ နိုင်ငံ၏ အနေအထားသည် မတွေးဝံ့စရာ အခြေအနေသို့ ဆိုက်ရောက်နိုင်ကြောင်း ၎င်းက ပြောခဲ့ သည်။

နိုင်ငံတော် သမ္မတက “ကျွန်တော့်အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာကတိသစ္စာပြုခဲ့တဲ့ အချိန်မှာလည်း မူးယစ်ဆေးဝါးကို ပိုမို နှိမ်နင်းဖို့ ပြောကြားခဲ့သလို နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားမှာလည်း မူးယစ်ဆေးဝါး ပိုမို နှိမ်နင်းဖို့ အတွက် အဓိကထုတ်လုပ်ဖြန့်ဖြူးသိုလှောင်တဲ့ လက်ကြီးသမားတွေ ကိုဦးစားပေး နှိမ်နင်းဖို့၊ ဒါတွေ ကိုဖောဖောသီသီ ရောင်းဝယ်ဖောက်ကားနေ တာတွေကိုမသိချင် ယောင် ဆောင်ထားတဲ့၊ သိရက်နဲ့ လွှတ်ထားတဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်လာရင် အဓိက တာဝန်၇ှိသူတွေကို ဦးစားပေးအရေးယူမှု တွေ လုပ်ဖို့၊ ကွင်းဆက်ပျောက်သွားတဲ့ ပိုင်ရှင်မဲ့ ဖြစ်သွားတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုတွေကိုတင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့၊ မူးယစ်ရဲတွေရဲ့ လုပ်ပိုင်ခွင့််တွေကို မြှင့်တင်ပေးပြီးတစ်ဘက်မှာလည်းဆုပေးဒဏ်ပေးစနစ်ကိုထိထိရောက်ရောက် ဖြစ်အောင် ပြင်ဆင်ပေးဖို့ အခြေအနေအရလိုအပ်ရင် ဗဟိုမှာ လျှပ်တစ်ပြက် ဖမ်းဆီးနိုင်တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ ထားရှိ ပြီးဆောင်ရွက်ဖို့ ပြောကြားခဲ့ပါတယ်” ဟုလည်းပြောခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အဖွင့် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ဝတ္ထုတို၊ ဆောင်းပါး၊ သီချင်းပြိုင်ပွဲများတွင် ဆုရရှိသူတို့ အားဒုတိယသမ္မတဦးမြင့်ဆွေကဆုချီးမြှင့်စဉ် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတနှင့် အဖွဲ့ ပြခန်းများအားလှည့််လည်ကြည့်ရှုစဉ် (ဆင်ဟွာ)

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေးလုပ်ငန်းစဉ် အဆင့်ဆင့််တွင် ပြည်သူများ၏ ပါဝင်မှုကို မြှင့်တင်ရန် ဆုငွေ ချီးမြှင့်ရေးအစီအစဉ်များ၊ အကာအကွယ်ပေးရေးအစီအစဉ်များ၊ သတင်းအချက် အလက် လုံခြုံရေးစနစ်များကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သတင်းပေးပို့သူနှင့် ပေးပို့လာသောသတင်းအချက်အလက်များလုံခြုံမှုကိုအထူးဂရုပြုသည့် အနေဖြင့် “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန” တစ်ခုကို နိုင်ငံတော် သမ္မတရုံးတွင် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ အဆိုပါ ဌာနသို့ ဆက်သွယ် တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်၊ ဖက်စ် နံပါတ်၊ အီးမေးလ် လိပ်စာများကိုအမြန်ဆုံးထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော် သမ္မတကပြောကြားခဲ့သည်။

“Listen FIRST” ဆောင်ပုဒ်ဖြင့် ယနေ့ကျင်းပသည့် ‘အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့’ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ သံအမတ်ကြီးများ နှင့် စစ်သံမှူးများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ NGO များမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီးအခမ်းအနားကို နှစ်ပိုင်းခွဲကျင်းပခဲ့ရာပထမပိုင်းတွင် နိုင်ငံတော် သမ္မတကအဖွင့်် မိန့်ခွန်းပြောခြင်း၊ ဝတ္ထုတို၊ ဆောင်းပါး၊ သီချင်း ပြိုင်ပွဲများ၌ ဆုရရှိသူများကိုဒုတိယသမ္မတဦးမြင့်ဆွေကဆုချီးမြှင့်ခြင်း၊ နိုင်ငံတော် သမ္မတနှင့် ဧည့်သည်တော် များက ပြခန်းများအားလှည့်လည် ကြည့်ရှုခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။

ဒုတိယပိုင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အမှာစကားပြောကြားခြင်း၊ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကပေးပို့သော သဝဏ် လွှာကိုကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းများဆိုင်ရာရုံးမှ Country Manager Mr. TroelsVester က ဖတ်ကြားခြင်း၊ ကဗျာ၊ ဓာတ်ပုံ၊ ကာတွန်းပိုစတာ ပြိုင်ပွဲများ၌ ပထမဆုရရှိခဲ့သူသုံးဦးအား ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကဆုချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.