ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) ရာသီတုပ်ကွေးရောဂါ(H1N1)ဖြစ်ပွားမှုကြောင့် ပိုးတွေ့လူနာ ၃၆၉ ဦးရှိပြီး စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၂ ရက်အထိ ထုတ်ပြန်မှုများ အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ လက်ရှိ ထုတ်လုပ်နေသည့် မြွေဟောက် အဆိပ်ဖြေဆေးနှင့် မြွေပွေး အဆိပ်ဖြေဆေးအပြင် မြွေပွေး သာမက မြွေဟောက်အတွက်ပါ အဆိပ်ဖြေပေးနိုင်သည့် အဆိပ်ဖြေဆေးအသစ်ကို လာမည့်နှစ်အတွင်း ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)ထံမှ သိရသည်။
ရန်ကုန် သြဂုတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် ၂ဝ၁၈ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်လျှောက်လွှာပုံစံများကို လာမည့် စက်တင်ဘာ ၁ ရက်မှစတင်ကာ တစ်စောင်လျှင် ၂ဝဝ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ့် ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။
ရန်ကုန် သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ပြင်းထန် အသက်ရှုလမ်းကြောင်းပိုးဝင် ရောဂါကြောင့် သေဆုံးသူ ၃၃ဦးးရှိပြီး ဧရာဝတီတိုင်းဒေသကြီး၌ သေဆုံးသူအများဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သြဂုတ် ၂၃ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) နိုင်ငံနှင့်အဝန်း ဆီးချိုရောဂါ အဖြစ်များလာခြင်း၊ ဈေးကွက်အတွင်း အချိုရည်များ ပိုမို များပြားလာခြင်း တို့ကြောင့် အချိုရည်များတွင် သကြားဓာတ်ပါဝင်မှု အခြေအနေကို သုတေသန လုပ်နိုင်ရန်အတွက် နေပြည်တော်တွင် အချိုရည်များကို ယနေ့ စတင် စစ်ဆေးလျက်ရှိသည်ဟု နေပြည်တော် FDA မှ...
ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ခံချက်လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်း(၃)ရုံ၊ စိစစ်ဆဲ(၂)ရုံနှင့် ထောက်ခံချက်ရရှိပြီးသက်တမ်း(၃)နှစ်ကုန်ဆုံးနေသော စက်ရုံ(၁)ရုံအား ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခြင်းဆောင်ရွက်ခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေး ရောဂါ(Influenza A(H1N1)pdm09) ဖြစ်ပွားမှုတွင် ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁၉ ရက် အထိ ဓာတ်ခွဲ အတည်ပြုချက် အရ ဖြစ်ပွားသူ ဦးရေမှာ ၂၈၈ ဦး ရှိပြီး...
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ပြင်းထန် အသက်ရှုလမ်းကြောင်းပိုးဝင် ရောဂါ လက္ခဏာဖြင့် ပြသသူ ၇၂၅ ဦးရှိပြီး Influenza A(H1N1)pdm09 ဓာတ်ခွဲ အတည်ပြု ဖြစ်ပွားသူ ၂၇၇ ဦး၊ သေဆုံးသူ ၂၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သြဂုတ်...
ရန်ကုန် သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ပြင်းထန် အသက်ရှုလမ်းကြောင်းပိုးဝင် ရောဂါ လက္ခဏာဖြင့် ပြသသူ ၆၈၇ ဦးရှိပြီး Influenza A(H1N1)pdm09 ဓာတ်ခွဲ အတည်ပြု ဖြစ်ပွားသူ ၂၆၂ ဦးရှိပြီး သေဆုံးသူ ၂၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သြဂုတ်...
ရန်ကုန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားမှု အခြေအနေအရ သြဂုတ် ၁၅ ရက် အထိ သေဆုံးသူ ၂၅ ဦး ရှိကာ ရောဂါ ဖြစ်ပွားသူ ဦးရေ ၂၄၂ ဦး...