Connect with us

Education & Health

ညောင်ပင်လေးဈေး နှင့် လမ်းမတော်မြို့နယ်ရှိ ဆေးဆိုင်တချို့အား ရှောင်တခင်စစ်ဆေး

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်မှ စစ်ဆေးနေစဉ် (ဓာတ်ပုံ-- YGN-FDA)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ညောင်ပင်လေးဈေးရှိ ဆေးဆိုင်များနှင့် လမ်းမတော်မြို့နယ်အတွင်းရှိဆေးဆိုင်များ တွင် မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ်မပါသော ဆေးဝါးများ ရောင်းချခြင်းရှိ၊ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ နှင့် စပ်ဆေးများ ရောင်းချခြင်းရှိ၊ မရှိ တို့ကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်၍ တင်သွင်းထုတ်လုပ်ရောင်းချသူများကို အရေးယူမှုများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် မှ သတင်းထုတ်ပြန်သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်ရုံးအဖွဲ့သည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် လမ်းမတော်မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှအဖွဲ့ဝင်များ (မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊စည်ပင်၊ထွေအုပ်၊ရဲ)နှင့်စားသုံးသူရေးရာဦးစီးဌာနတို့ဖြင့် လမ်းမတော်မြို့နယ် ညောင်ပင်လေးဈေး၌ စားသောက်ကုန် ရောင်းချသော ဆိုင်များတွင် Formalin ထည့်သွင်းအသုံးပြုနေသော အစားအသောက်များ(မုန့်ဖတ်၊ ပဲပြား၊ အမဲသွေး)၊ ရောနှောဆီများ၊ ငရုတ်သီးမှုန့်များနှင့် ထောက်ခံချက်မရှိသော သောက်ရေသန့်များကို အဓိက စစ်ဆေးခဲ့ပြီး ပြည်ပမှဝင်ရောက်သည့် အမှတ်တံဆိပ်ပြည့်စုံမှု မရှိသော အစားအသောက်များကိုလည်းဈေးကွက်အတွင်းမှ ဝယ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.