Connect with us

Education & Health

အစိုးရနည်းပညာကောလိပ် (၃)ခုနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (၂၂)ခုတို့တွင် A.G.T.I ပထမနှစ် သင်တန်းသားများ ခေါ်ယူမည်

ပညာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ပညာရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

အစိုးရနည်းပညာကောလိပ် (၃)ခုနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (၂၂)ခုတို့တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် သင်တန်းသားများ ခေါ်ယူမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လက်မှတ် ပေးအပ်မည်ဖြစ်ကြောင်း၊ သတ်မှတ်အရည်အချင်းပြည့်မီပါက နည်းပညာ တက္ကသိုလ်များ၏ တတိယနှစ်သင်တန်းများသို့ ပေါင်းကူးတက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝင်ခွင့်လျှောက်လွှာများကို သက်ဆိုင်ရာ ကောလိပ်၊ သိပ္ပံများတွင် ၁၉-၁၀-၂၀၁၇ တွင် စတင်ထုတ်ယူနိုင်ပြီး ၁၀-၁၁-၂၀၁၇ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားမည့် ကျောင်းများသို့ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း ၊ ကြေညာချက်အပြည့်အစုံကို ပညာရေးဝန်ကြီးဌာန ၏ ဝက်ဆိုက် http://www.moe.gov.mm/ တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.