Connect with us

Education & Health

ယခုလအတွင်းသင်တန်းပေးမည့် မူလတန်းဆရာဖြစ်သင်တန်းများမှ ဆရာ၊ ဆရာမ ၁၀၀ ကျော်အား မောင်တောနှင့် ဘူးသီးတောင်တို့တွင် ခန့်ထားပေးမည်

မောင်တောရှိ အထက်တန်းကျောင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ပညာရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆရာဆရာမများ တိုးမြှင့် ခန့်ထားနိုင်ရေးအတွက် မူလတန်းဆရာဖြစ်သင်တန်းများကို မြောက်ဦးမြို့တွင် အောက် တိုဘာ ၄ ရက်နှင့် ကျောက်ဖြူမြို့၌ အောက်တိုဘာ ၉ ရက်တွင် ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး ယင်းသင်တန်း များမှ ဆရာဆရာမ ၁၀၀ ကျော်ကို မောင်တောနှင့် ဘူးသီးတောင်တို့တွင် ခန့်ထား ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မောင်တောမြို့နယ်တွင် အထက်တန်းကျောင်း ၁၆ ကျောင်း၊ ဘူးသီးတောင်တွင် ၁၀ ကျောင်းရှိပြီး မောင်တောခရိုင်အတွင်း အခြေခံပညာကျောင်းပေါင်း ၄၀၄ ကျောင်းရှိ ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အခြားမြို့နယ်မှ မောင်တောဒေသ တွင် လာရောက်တာဝန်ထမ်းဆောင်လျက်ရှိသည့် အလယ်တန်းပြဆရာမများကို သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်စေလွှတ်ကာ မောင်တောခရိုင်အတွင်းရှိ ဆရာများနှင့် ပြန်လည်အစားထိုး ခန့်အပ်ခဲ့မှုသည် ၅၄၁ ဦးအထိရှိခဲ့ကြောင်းလည်း သိရသည်။

ကျောင်းများကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး သုံးမျိုးသုံးစားဖြင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိမောင်တောတွင် ပထမ ဦးစားပေးအနေဖြင့် ၃၄ ကျောင်း၊ ဘူးသီးတောင်တွင် ကျောင်း ၂၀ သတ်မှတ် ထားကြောင်း၊ ပထမဦးစားပေးမှာ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒုတိယဦးစားပေးမှာ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီဖြစ်ပြီး တတိယဦးစားပေးမှာ နောက်ဆုံးအခြေအနေတွင် ဖွင့်လှစ်နိုင်မည့်ကျောင်း စသည်ဖြင့် ခွဲခြားထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.