Connect with us

Education & Health

KG + 12 သင်ရိုးစနစ်သို့ ကူးပြောင်းသင်ကြားလျက်ရှိ

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ ငါးဖွဲ့ ၏ သ၀ဏ်လွှာကို မြန်မာနိုင်ငံ ယူနက်စကို အမျိုးသား ကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာ ကြည်ရွှင်က ဖတ်ကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောာက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ကျင့်သုံးလျက်ရှိသည့် ၁၁ တန်း အခြေံခံ ပညာရေးစနစ်အား နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် KG + 12 စနစ်သို့ စတင် ကူးပြောင်းလျက်ရှိပြီး သင်ရိုးညွှန်းတမ်းအသစ်များကို ရေးဆွဲလျက်ရှိရာ Grade 12 (၁၂ တန်း) သင်ရိုးညွှန်းတမ်းသစ်များကို ၂၀၂၁ – ၂၂ ပညာသင်နှစ်တွင် ရေးဆွဲပြီးစီးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ ပြောကြား ခဲ့သည်။

“သူငယ်တန်း သင်ရိုးအသစ်ကို ၂၀၁၆ – ၁၇ ပညာသင်နှစ်မှာ စတင်ခဲ့ပြီး ၂၀၁၇ – ၁၈ မှာတော့ Grade 1 သင်ရိုးအသစ်ကို စတင် သင်ကြားနေပါပြီ၊ Grade 12 အထိ သင်ရိုးညွှန်းတမ်း အသစ်တွေ ကိုတော့ ၂၀၂၁ – ၂၂ မှာ ရေးဆွဲပြီးစီးမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် ရုံးအမှတ် (၂၁)တွင် ယနေ့နံနက် ပြုလုပ်သော ကမ္ဘာ့ဆရာများနေ့ အခမ်းအနား၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

သူငယ်တန်းနှင့် မူလတန်း သင်ရိုးညွှန်းတမ်းများကို JICA နှင့်လည်းကောင်း၊အလယ်တန်း သင်ရိုးညွှန်း တမ်း များကို အာရှဖွံ့ဖြိုးရေးဘဏ် ADB နှင့်လည်းကောင်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းများကို ဥရောပ သမဂ္ဂ EU နှင့်လည်းကောင်း ရေးဆွဲလျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

မြန်မာနိုင်ငံ ဆရာများ အဖွဲ့ချုပ်၏ သဝဏ်လွှာကို ၎င်းဥက္ကဋ္ဌ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ဖတ်ကြားနေစဉ် (ဆင်ဟွာ)

ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များ အကြောင်းကို ပညာရေး သုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်းက တင်ပြစဉ် (ဆင်ဟွာ)

ကမ္ဘာ့ဆရာများနေ့အခမ်းအနားကျင်းပနေစဉ် (ဆင်ဟွာ)

ကမ္ဘာ့ဆရာများနေ့အခမ်းအနားကျင်းပနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် သင်ယူမှု အခွင့်အလမ်း မြင့်မားရေးအတွက် ကျောင်းသစ်များ တိုးချဲ့ ဖွင့်လှစ်ပေးခဲ့ရာ ၂၀၁၁ – ၁၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၄၁၃၆၁ ကျောင်း ရှိခဲ့ရာမှ ၂၀၁၇ – ၁၈ ပညာသင်နှစ်တွင် ၄၆၄၉၃ ကျောင်းအထိ တိုးတက်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ သင်ကြားရေးတွင်လည်း ဆရာ ဆရာမများ အသစ်ခန့်ထားခဲ့ရာ ၂၀၁၁ – ၁၂ တွင် ၂၇၇၅၈၄ ဦး ရှိခဲ့ရာမှ ၂၀၁၇ – ၁၈ တွင် ၃၆၉၆၆၁ ဦးထိ တိုးမြှင့် ခန့်ထားနိုင်ခဲ့ကြောင်း၊ အရည်အသွေး ပြည့်ဝသော ပညာရေးကို ကောင်းမွန်ပြီး စွမ်းရည်ပြည့်ဝသော ဆရာများဖြင့်သာ အကောင်အထည်ဖော်နိုင်မည်ဖြစ်၍ ဆရာ ဆရာမများ၏ စွမ်းရည်ကိုလည်း မြှင့်တင်ပေးလျက်ရှိပါကြောင်း ၎င်းက ပြောခဲ့သည်။

“လွတ်လပ်စွာ သင်ကြားဖို့ ဆရာများကို အားပေးစို့၊ Teaching in Freedom, Empowering Teachers” ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ၂၀၁၇ ကမ္ဘာ့ ဆရာများနေ့ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ယူနက်စကိုမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ အမျိုးသား ပညာရေး မူဝါဒ ကော်မရှင်၊ မြန်မာနိုင်ငံ ဝိဖ္ဇာနှင့် သိပ္ပံပညာရှင်အဖွံဲ့၊ အမျိုးသား သင်ရိုး ညွှန်းတမ်း ကော်မတီဝင်များ၊ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အကြီးအမှူးများ ဆုရ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မျက်မမြင် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ ကြပြီး အခမ်းအနားကို အခြေခံပညာ ဆရာ ဆရာမများက “ယနေ့ခေတ် တို့ဆရာ” သီချင်းဖြင့် ဖွင့်လှစ်ကာ ပြည်ထောင်စုဝန်ကြီးက အဖွင့် ဂုဏ်ပြုစကား ပြောကြားအပြီးတွင် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ ငါးဖွဲ့၏ သဝဏ်လွှာအား ဖတ်ကြားခြင်း၊ မြန်မာနိုင်ငံ ဆရာများ အဖွဲ့ချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခြင်း၊ မျက်မမြင် ကျောင်းသား ကျောင်းသူများက မြတ်ဆရာ သီချင်းဖြင့် ဖျော်ဖြေခြင်း၊ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များအကြောင်း တင်ပြခြင်းနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.