Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီးအတွင်း အလှကုန်ပစ္စည်း၊ အစားအသောက်နှင့် ဆေးဝါးတို့အား တရားမဝင် တင်သွင်းရောင်းချခြင်းတို့အား ခွင့်ပြုထားခြင်းမရှိ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းဖြေကြားနေစဉ် (ဓာတ်ပုံ-- ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အလှကုန်ပစ္စည်း၊ အစားအသောက်နှင့် ဆေးဝါးအမျိုးမျိုးတို့ကို တရားမဝင် တင်သွင်းရောင်းချခြင်း၊ ခွင့်ပြုချက်၊ လုပ်ငန်းလိုင်စင်များမရှိဘဲ ရောင်းချခြင်းများကို လုံးဝခွင့်ပြုထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က ပြောကြားသည်။

အလှကုန်ပစ္စည်း၊ အစားအသောက်နှင့် ဆေးဝါးအမျိုးမျိုးတို့ကို ဆိုင်ဖွင့်ရောင်းချခြင်းဖြစ်စေ၊ အွန်လိုင်းမှ ကြော်ငြာရောင်းချခြင်းဖြစ်စေ ရောင်းချမည်ဆိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းလိုင်စင်၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ (FDA)၏ ခွင့်ပြုမိန့်ရယူပြီး ရောင်းချနိုင်ပါကြောင်းသိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေပြု၍လုပ်ငန်းများဆောင်ရွက်မည်ဆိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်းလိုင်စင်ရယူရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စားသုံးသူများ နစ်နာမှုမရှိစေရေးနှင့် နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပါက အကာအကွယ်ပေးနိုင်ရေးအတွက် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေပုဒ်မ (၁၄)တွင် အွန်လိုင်းမှ ကြော်ငြာရောင်းချခြင်း လုပ်ငန်းနှင့်ဆက်နွယ်၍ စီးပွားရေးလုပ်ငန်းရှင်သည် ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိဘဲ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ၊ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် (၃)နှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ငါးဆယ်ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု စားသုံးသူ အကာအကွယ်ပေးရေးဥပဒေတွင် ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့အနေဖြင့်လည်း စိစစ်အရေးယူမှုများ ဆောင်ရွက်နေပါကြောင်း၊ ထို့အတူ အလှကုန်၊ အစားအသောက်နှင့် ဆေးဝါးများအပါအဝင် ပြည်ပမှ တရားမဝင်တင်သွင်းသော ကုန်စည်များ တားဆီးရေးနှင့်ပတ်သက်၍ ရန်ကုန်ဆိပ်ကမ်းများတွင် အကောက်ခွန် ဦးစီးဌာနမှလည်း၊ နယ်စပ်စခန်းဂိတ်များတွင် အကောက်ခွန် ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကြပ်မတ်စစ်ဆေးလျက်ရှိပြီး ရှောင်ကွင်းလမ်းများမှာ နယ်စပ်ဂိတ်များကို ဝင်ရောက်လာသော တရားမဝင်ကုန်စည်များအား ရေပူနှင့် မရမ်းချောင်းဒေသတို့တွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ကြပ်မတ်စစ်ဆေးလျက်ရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ပဉ္စမပုံမှန်အစည်းအဝေး ဒဿမနေ့ တွင် လွှတ်တော်ကိုယ်စားလှယ် ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.