Connect with us

Politics, Law & Military

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့နယ်အတွင်း လူဦးရေ ၃၀၀ ကျော် ရေဘေး လွတ်ရာသို့ ပြောင်းရွှေ့

ဆီးရီးယားနိုင်ငံ၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက် ၃ ခုမှ လူဦးရေ ၃၃၁ ဦး ရေဘေးလွတ်ရာသို့ကူညီပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှုအရ သိရသည်။

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် သြဂုတ် ၁၂ ရက် နံနက်ပိုင်းမှ စတင်၍ လယ်ကုန်းရပ်ကွက်၊ ရေကြည် ရပ်ကွက် နှင့် မြို့သစ်ကြီး ရပ်ကွက်များ အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိရာ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှတပ်မတော်သားများ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ဒေသခံ ပြည်သူများ ပူးပေါင်း ဆောင်ရွက်ပေးကြကြောင်း သိရသည်။

လယ်ကုန်းရပ်ကွက်မှ အိမ်ထောင်စု ၄၄ စု၊ လူဦးရေ၂၃၈ ဦး၊ ရေကြည်ရပ်ကွက်မှ အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၃၃ ဦးနှင့် မြို့သစ်ကြီးရပ်ကွက်မှ အိမ်ထောင်စု ၃၀ စု၊ လူဦးရေ၆၀ ဦးတို့ကို ရေဘေးလွတ်ရာနေရာများသို့တပ်မတော်မှ မော်တော်ယာဉ်များ၊ ရော်ဘာလှေများဖြင့် ကူညီပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ထို့ပြင် ရေဘေးသင့် ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117