Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်ရေ ခန္တီး ၊ ဟုမ္မလင်း ၊ ဖောင်းပြင် ၊ မော်လိုက် ၊ ကလေးဝ ၊ မင်းကင်း ၊ မုံရွာမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေ

ခန္တီးမြို့ ၌ ချင်းတွင်း မြစ်ရေသည် စိုးရိမ် ရေမှတ် အထက် ကျော်လွန်နေမှု တိုင်းထွာချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-မိုး/ဇလ)

ရန်ကုန် ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ချင်းတွင်းမြစ်ရေသည် ဇူလိုင် ၁၀ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ခန္တီးမြို့ တွင် ၄ ပေခန့်၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၂ ပေခန့်စီ၊ မော်လိုက်မြို့ တွင် ၅ ပေခွဲခန့်၊ ကလေးဝ မြို့နှင့် မင်းကင်းမြို့တို့တွင် ၃ ပေခွဲခန့်စီနှင့် မုံရွာမြို့တွင် ၁ ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှု အခြေအနေ ထုတ်ပြန်မှုများ အရ သိရသည်။

နောက် (၁)ရက်အတွင်း ခန္တီးမြို့တွင် (၁)ပေခွဲခန့်၊ နောက် (၃)ရက်အတွင်း ဟုမ္မလင်းမြို့တွင် (၂)ပေခွဲခန့်၊ ဖောင်းပြင်မြို့တွင် (၂)ပေခန့်၊ မော်လိုက်မြို့ နှင့် ကလေးဝမြို့ တို့တွင် (၁)ပေခွဲခန့်စီ၊ မင်းကင်းမြို့တွင် (၁)ပေခန့် နှင့် နောက် (၄)ရက်အတွင်း မုံရွာမြို့တွင် (၁)ပေခန့် ဆက်လက်တက် လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ထို့ကြောင့် ချင်းတွင်းမြစ်တလျောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုထားသည်။(Xinhua)