ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် စစ်တောင်းမြစ်ရေ မြင့်တက်၍ မဒေါက်မြို့၌ လူနေအိမ်များ ရေနစ်မြုပ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်းရှိ စစ်ကိုင်း တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူဦးရေ နှစ်သောင်းကျော် ရေဘေးသင့်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တောင်ငူမြို့၏ အရှေ့မြောက်ဘက် ၃၃မိုင်အကွာတွင် ယနေ့ ည၈နာရီ ၅၃ မိနစ် က အင်အား ၄.၂အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) သံလွင်မြစ်၊ စစ်တောင်းမြစ်၊ရွှေကျင်မြစ် တို့သည် စိုးရိမ်ရေမှတ် ရောက်ရှိလျက်ရှိပြီး မြစ်ကမ်းအနီး မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ချောင်းဝကျေးရွာရှိ ကျခတ်ချောင်းကူးတံတားပေါ်တွင် ဇူလိုင်လ ၂၃ ရက်နေ့ ၀၆း၀၀နာရီ အချိန် ဇမိမြစ်ရေမြင့်တက်မှုကြောင့် ရေ ၄ ပေခန့် မြင့်တက်လျက်ရှိပြီး မော်တော်ယာဉ်များ သွားလာ၍မရကြောင်းနှင့် နတ်ချောင်းအလယ် ကျေးရွာပါ ၄ ရွာသို့ ရေဝင်ရောက်လျက်ရှိသောကြောင့်...
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကျောက်ကြီးချောင်းရေ မြင့်တက်မှုကြောင့် ကျောက်ကြီးမြို့ရှိ လူနေအိမ် ၃၄ လုံး ရေနစ်မြုပ်ပြီး ရေဘေးသင့် အိမ်ထောင်စုများအား ယာယီ ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အောက်မက်လင်ချောင်မှော် ဧရာရတနာကုမ္ပဏီ လုပ်ကွက်ဟောင်းသည် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက မြေကမ်းပါးယံမှ မြေစာများပြိုကျမှုဖြစ်ပွားပြီး လူ ၂၇ဦး ပျောက်ဆုံးနေကြောင်း ဖားကန့်မြို့နယ်ရဲစခန်းက ရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုများအား ရှင်းလင်းလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ကရင်ပြည်နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ဘားအံ ၊ လှိုင်းဘွဲ ၊ ကော့ကရိတ် ၊ ကြာအင်း ဆိပ်ကြီး နှင့် မြဝတီ မြို့နယ်များတွင် ကယ်ဆယ်ရေးစခန်း ၃၃ ခု ဖွင့်လှစ် နေရာချထားပေးလျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏...
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် ရေကြီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။