Connect with us

Environment, Disasters & Accidents

မြစ်ရေတင် လုပ်ငန်းများနှင့် မြေအောက်ရေလုပ်ငန်း များမှ ယခုနှစ် မိုးသီးနှံ ၇၁,၇၁၃ ဧက အား စိုက်ပျိုး ရေပေးဝေ လျက်ရှိ

မြေအောက်ရေ စိုက်ပျိုးရေတွင်း တူးဖော်နေစဉ်(ဓာတ်ပုံ-Myanmaalinn)

ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

နိုင်ငံအတွင်းရှိ မြစ်ရေတင် လုပ်ငန်းများနှင့် မြေအောက်ရေလုပ်ငန်း များမှ ယခုနှစ် မိုးသီးနှံ ၇၁,၇၁၃ဧကအား စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေး ဦးစီး ဌာန အနေဖြင့် မြစ်ရေတင် လုပ်ငန်း ၁ဝ၉ ခုမှ မိုးစပါး ၄၄,၁၄၆ ဧက၊ အခြားသီးနှံ ၂၂,၇ဝ၇ ဧက မြေအောက် ရေလုပ်ငန်းသုံးခုတို့မှ မိုးသီးနှံ ၃,၇၆ဝ ဧကနှင့် အခြားသီးနှံဧက ၁၁ဝဝ မိုးသီးနှံ စုစုပေါင်း ၇၁,၇၁၃ ဧကအား စိုက်ပျိုး ရေပေးဝေနိုင်သဖြင့် စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ခြင်း၊ လယ်ယာထွက်ကုန်များ တိုးတက် ထုတ်လုပ် လာနိုင်ခြင်း၊ သီးနှံ အထွက်နှုန်းများ တိုးတက်ကောင်းမွန် အောင် ဆောင်ရွက်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိသော စစ်ကိုင်း၊ မန္တလေး၊ မကွေး တိုင်းဒေသကြီးများသည် အပူပိုင်း မိုးနည်း ရေရှားဒေသများဖြစ်သောကြောင့် ယခင် က မိုးရေကိုသာ မှီခိုအားထားစိုက်ပျိုး ခဲ့ကြရသော်လည်း ယခုအခါ တွင် ဆည်များ၊ တာတမံများ၊ မြစ်ရေတင်များ၊ မြေအောက်ရေလုပ်ငန်းများ တည်ဆောက် ပေးခြင်း ကြောင့် တစ်သီးစားမှ သုံးသီးစားပြောင်းလဲ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကြပြီဖြစ်ကြောင်း သိရသည်။စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးစေရန် စိုက်ဧက တိုးတက်ရေးနှင့် သီးနှံအထွက်နှုန်း တိုးတက်ရေးတို့အတွက် ဆည်များ၊ တာတမံများ၊ မြစ်ရေတင်လုပ်ငန်းများ၊ မြေအောက်ရေလုပ်ငန်းများမှ (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117