ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးများ အဆက်မပြတ် ရွာသွန်မှုကြောင့် သံလွင်မြစ်ရေ တိုးလာသဖြင့် စိုရိမ်ရေ အမှတ် အထက် ကျော်လွန်ကာ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့က ဘားအံမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်အချို့တွင် ရေများ ဝင်ရောက်လျက် ရှိကြောင်း...
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) သံလွင်မြစ်ရေသည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၁) ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁)ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) မြဝတီမြို့တွင် ရွာသွန်းကာ သောင်ရင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သုံးရက်အတွင်း ဇလွန်မြို့၏ စိုးရိမ်ရေမှတ် ရောက်ရှိနေနိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန် ချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ထွက်ခွာလာသော လေယာဉ်တစ်စီးသည် ဇူလိုင် ၂၀ရက်နေ့ မွန်းလွဲ ၃နာရီ ၂၅မိနစ်က ရှေ့လေကာမှန်အက်၍ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ ၌ တနင်္သာရီမြစ်ရေလျှံမှုကြောင့် ဇူလိုင် ၁၅ ရက်မှ ၂၀ ရက်အထိ လူဦးရေ ၂၈၀၀ကျော် ယာယီ ပြောင်းရွှေ့နေထိုင်နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မြစ်ရေကြီးမှုကြောင့် စာသင်ကျောင်း ၃၀ ယာယီပိတ်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ တတိယ (၁၀) ရက်ပတ်တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း ၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး၊ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့ ၏ အနောက်မြောက်ဘက် (၅)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် (၂၂.၁၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၄) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်တာစကေး(၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ...