ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်ကလပ်တွင် ယနေ့ နေ့လည် ၁နာရီခန့်တွင် မြေပြိုမှုဖြစ်ပွားပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ဖားလက်ခိုကျေးရွာအုပ်စု၊ ညောင်ပင်စုကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရထားလမ်းကူး ရေထုတ်ပြွန်နေရာ၌ အမှိုက်များပိတ်ဆို့မှုကြောင့် ဇော်ဂျီချောင်း အတွင်းသို့ ဝင်ရောက်သည့်ရေများ ပြည့်လျှံကာ ဈေးတန်း ရပ်ကွက်အတွင်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၁၈ လုံး ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မိုးကုတ်မြို့အနောက်ပိုင်းကျပ်ပြင်ရပ်၊ ကသဲအုပ်စု၊ အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့ နံနက် ၆နာရီခန့်တွင် မြေပြို၍ အိမ်(၁)လုံးအတွင်းရှိ လူ ၅ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးမော်လိုက်မြို့နယ်၊ မင်းကင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဇွန် ၁၃ ရက် ဘူးကလိန်ချောင်း ကမ်းပါးပြိုကျရာမှ လူတစ်ဦးချောင်းအတွင်း မျောပါပျောက်ဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ကျိုက်မရောမြို့ ခရုံဂူ ကျောက်မိုင်း အနီး၌ ဇွန် ၁၃ ရက်တွင် လမ်းချော်၍ ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကာ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း...
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဆိပ်ကမ်းမြို့နယ်၊ စဉ့်အိုးတန်းသမ္ဗာန်ဆိပ်မှ ဒလမြို့နယ်၊ ကမာကသွယ်သမ္ဗာန်ဆိပ်သို့ မောင်းနှင်လာသော ခရီးသည် ၁၁ဦးပါဝင်သော စက်တပ်သမ္ဗာန်လှေတစ်စီး နစ်မြုပ်၍ လူ ၄ဦးပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်း-ကောယားကျေးရွာတွင် လူ ၂၅ဦး လိုက်ပါစီးနင်းလာသော မော်တော်ရေယာဉ် (သစ်သားခွံ)တစ်စီးသည် ယနေ့ နေ့လည် ၁၂နာရီခွဲတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။