ရန်ကုန် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) မွန်ပြည်နယ် မုဒုံမြို့နယ် နှင့် သံဖြူဇရပ် မြို့နယ်များတွင် အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းမှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားလျှက် ရှိနေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) မွန်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ယနေ့ နံနက်အစောပိုင်းမှ စတင်ပြီး ရေကြီးမှုများဖြစ်ပေါ်နေရာ အရေးပေါ် ကယ်ဆယ်ရေးများ ဆောင်ရွက်နေရကြောင်း မော်လမြိုင်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) လတ်တလော ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် မကွေး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ပျက်စီးဆုံးရှုံးမှု ကနဦး ခန့်မှန်းတန်ဘိုးမှာ ငွေ ကျပ် သိန်းပေါင်း ၂၂,၇၂၀ ခန့် ရှိကြောင်း ၊ ဆုံးရှုံးမှု စာရင်းများကို...
ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် သပြေပင်နောက်ရွာပါ ၇ ရွာတွင် တောင်ကျရေစီးဆင်းမှုကြောင့် စပါး၊ ပဲ၊ ကွမ်းစိုက်ခင်း ၁,၃၅၉ ဧကခန့် ရေဝင်နစ်မြုပ်သဖြင့် ပျက်စီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကြိမ်ချောင်းကျေးရွာအနီး၌ 9J/ ×××× SURF ယာဉ်သည် ရေကျော်နေသော ကားလမ်းအား ဖြတ်ကူးရာ တောင်ကျရေစီးနှင့်အတူ မျောပါသွားသဖြင့် ဇွန်လ ၁၅ ရက်နေ့ ၁၄း၃၀နာရီ အချိန်တွင် အမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ရှာဖွေစုံစမ်းခဲ့ရာ...
ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်မြို့နယ် ဆိပ်ကြီးကျေးရွာပါ ကျေးရွာ/ရပ်ကွက် ၈ ခုအတွင်းရှိ နေအိမ် ၃၄၃ လုံးတို့အား ယာယီရွှေ့ပြောင်းခဲ့ပြီး စာသင်ကျောင်း ၁ ကျောင်း ခေတ္တပိတ်ထားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်ကလပ်တွင် ယနေ့ နေ့လည် ၁နာရီခန့်တွင် မြေပြိုမှုဖြစ်ပွားပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ဖားလက်ခိုကျေးရွာအုပ်စု၊ ညောင်ပင်စုကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရထားလမ်းကူး ရေထုတ်ပြွန်နေရာ၌ အမှိုက်များပိတ်ဆို့မှုကြောင့် ဇော်ဂျီချောင်း အတွင်းသို့ ဝင်ရောက်သည့်ရေများ ပြည့်လျှံကာ ဈေးတန်း ရပ်ကွက်အတွင်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၁၈ လုံး ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။