Connect with us

Environment, Disasters & Accidents

သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအတွက် ကျပ် သန်းပေါင်း ၄,၀၀၀ကျော် ထောက်ပံ့ပေးရန် စီစဉ်

အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီတို့ ပူးပေါင်းညှိနှိုင်းအစည်းကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

၂ဝ၁၇- ၂ဝ၁၈ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု ၃၂၁၇၈၃ ဧကအတွက် ကျပ် ၄၃၄၉ ဒသမ ၁၃၅ သန်း ထောက်ပံ့ပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားသည်။

၂ဝ၁၈ ခုနှစ် ဇွန်လအတွင်း ရေကြီးရေလျှံ မှုများကြောင့် ပျက်စီး ဆုံးရှုံးခဲ့ မှုများအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြန်လည် ထူထောင်ရေး ဆောင်ရွက်ပေး ရန် လိုအပ်ချက်များနှင့် ပတ်သက်၍ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်ရှိ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီတို့ ပူးပေါင်းညှိနှိုင်းအစည်း အဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အမျိုး သား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု လုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေး လုပ်ငန်းကော်မတီတို့ကို တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်း ကော်မတီကို တာဝန်ယူဆောင် ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

အာဆီယံ+၃ အရေးပေါ်အရန်ဆန်ရိက္ခာ အစီအစဉ်အနေဖြင့် ၂ဝ၁၇- ၂ဝ၁၈ ခုနှစ် တွင် ဆန်တန်ချိန် ၁ဝဝဝ ရရှိထားရာ ယခု ၄၂၂ တန် ကျန်ရှိနေကြောင်း၊ ၂ဝ၁၈- ၂ဝ၁၉ ခုနှစ်အတွက် ဆန်တန်ချိန် ၈ဝဝ ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်၏ အရေးပေါ် တုံ့ပြန်မှု(IRM) အစီအစဉ်ဖြင့် စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်း၊ ရခိုင်ပြည်နယ် တို့တွင် မော်တော် ဆိုင်ကယ် အစီး ၂ဝဝဝ ၊ ကွန်ပေါင်း ဓာတ်မြေသြဇာ ၃၄၉၁၂၃ အိတ်၊ မျိုးစေ့ သန့်စင်စက် ၁ဝ လုံး၊ အစိုဓာတ်တိုင်း ကိရိယာ အခု ၁၇ဝ ၊ လေလုံမျိုးစေ့ သိုလှောင်အိတ် ၄၅၄၇ဝ ၊ တစ်တန်အိတ် ၅၅၄၈ အိတ်၊ မိုးကာစ ၅၄ဝဝ တို့ကို ဝယ်ယူဖြန့်ဖြူး ဆောင်ရွက်လျက်ရှိ ကြောင်း၊ မျိုးစေ့နှင့်ဓာတ်မြေသြဇာများ ကိုလည်း ဘေးသင့်ဒေသများကို ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း၊ စက်မှု လယ်ယာဦးစီးဌာနအနေဖြင့် ရေဘေး သင့်ဒေသများတွင် စက်ယန္တရားများ ကူညီပေးမည့် အစီအစဉ်များ စီစဉ်ထားရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.