Connect with us

Environment, Disasters & Accidents

အင်အား ၅.၀ အဆင့်ရှိ အင်အားအသင့်အတင့်ရှိငလျင်တစ်ခု လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြ ဇယားအားတွေ့ရစဉ် (မိုးဇလ)

ရန်ကုန် ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီ၊ နေပြည်တော်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း မြောက်လတ္တီတွဒ်(၁၉.၆၈)ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၆.၁၈)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ)အဆင့်ရှိ အင်အားအသင့် အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့ မြန်မာစံတော်ချိန် (၁၉)နာရီ (၃၂)မိနစ် (၃၂)စက္ကန့် အချိန်တွင်လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊ ငလဖင်ဌာနခွဲ မှ တာဝန်ရှိသူတစ်ဦးက “နေပြည်တော်၊ လယ်ဝေ:၊ အေလာ ဘက်တွေမှာ က ငလျင်လှုပ်တာ ကို ခံစားမိကြတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ မသိရသေးပါဘူး” ဟု ဆင်ဟွာကို ပြောသည်။ (Xinhua)