Connect with us

Environment, Disasters & Accidents

မိုးလယ်ကာလ တွင် မုန်တိုင်းငယ်တစ်ကြိမ်ဖြစ်နိုင်

မိုးဇလခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

မိုးလယ်ကာလ တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဇူလိုင်လ(၁)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ပထမဝါဆိုလဆုတ် (၄)ရက်မှ ဝါခေါင်လဆုတ် (၅)ရက်နေ့)အထိ မိုးလယ်ကာလ အဖြစ်သတ်မှတ်ကြောင်းမိုးဇလ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။ မိုးလယ်ကာလတွင် မုတ်သုံလေအားပြတ်ခြင်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မိုးရွာသွန်းမှု အခြေအနေမှာ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲအောက်လျော့ပြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲထက်ပိုကာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလ မှထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.