ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၀၈)နာရီ (၀၂)မိနစ် (၃၀)စက္ကန့် အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၃) မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် ဒေသအလိုက်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) မကွေးမြို့၌ ဘုန်းကြီးကျောင်း ကြမ်းခင်းပြိုကျမှု ကြောင့် အမျိုးသမီး(၁၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် အနောက် ဘင်္ဂလားကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ၊ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အောက်တိုဘာလ၊ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက်တွင် ဘင်္ဂလား ပင်လယ် အော်၌ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၊ နတ်စင်ကွေ့အနီးတွင် ဂက်စ်အိုးများ တင်ဆောင်လာသော ၁၂ ဘီး ယာဉ်တစ်စီးသည် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် နောက်(၂)ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာသွားနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ် ၁၆/၁-၀ တွင် ယနေ့ အောက်တိုဘာ ၅ ရက်နေ့ နံနက် ၈နာရီ ၄၅မိနစ်တွင် ကျိုက်ထီးရိုးဘုရားဖူးယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်၍ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်း စီမံချက် (၂၀၁၄-၂၀၂၀) အရ ၂၀၂၀ ခုနှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းကို ၅၀ ရာခိုင်နှုန်း လျှော့ချရန် ရည်မှန်း ဆောင်ရွက်လျက် ရှိကြောင်း အမျိုးသား ယာဉ်အန္တရာယ်...