ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ပျော်ဘွယ်မြို့နယ်အတွင်း အောက်တိုဘာလ(၃)ရက်၊ နံနက်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ရန်အောင် ကျေးရွာရှိ ရန်အောင်ကန်ရေလျှံကာ ပျော်ဘွယ်-နတ်မောက် ကားလမ်းမပေါ်ရေကျော်ပြီး ရန်အောင်ကျေးရွာ၊ ပင်းစု ကျေးရွာ၊ ပဲ့ကန်ကျေးရွာ၊ စပါယ်ကုန်းကျေးရွာများသို့ ရေများဝင်ရောက်ခဲ့မှုကြောင့် သီးနှံစိုက်ခင်းများအတွင်း ရေဝင် ရောက်ခြင်း၊ ပျော်ဘွယ်-နတ်မောက် ကားလမ်းမပေါ်ရေကျော်နေခြင်းတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ဖားကန့်မြို့နယ်ဝှေခါကျေးရွာအနီး တွင် မြေစာပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ (၁)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ယနေ့နံနက်တွင် မြန်မာနိုင်ငံပြည်တွင်း (ပေါက်မြို့၏ အနောက်တောင်ဘက် ၅မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆)အဆင့် ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ဖြူးချောင်း ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ မီးလောင်ပျက်စီးမှုများအား အမြန်ဆုံး ပြုပြင်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ယနေ့အောက်တိုဘာ ၂ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သာစည်လေးကျေးရွာအနီးရှိ ညောင်ရမ်းကန်၏ ရေထွက်ပြွန်အမှတ်(၃) ရေထွက်ပေါက်နေရာမှ ရေတိုက်စားပြီး ကျိုးပေါက်မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာလ (၁)ရက်မှ (၇)ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသများနှင့် အောက်တိုဘာလ (၈)ရက်မှ (၁၂)ရက်အတွင်း မြန်မာတစ်ပြည်လုံးမှ ဆုတ်ခွာသွားနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) မန္တလေးမြို့ နံကပ်အင်းအနီးရှိ အမှတ်(၂) ရေဆိုးထုတ် စက်ရုံ(ရွှေဂဲ)မှ တစ်နာရီလျှင် ရေဂါလန် ၁ ဒသမ ၆ သန်းထုတ်ရာမှ ရေဂါလန် ၂ ဒသမ ၆ သန်းအထိ စွန့်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ...
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့ ၏ မြောက်-အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း စက်တင်ဘာ ၁၇ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်သာမြစ်ရေနှင့် နေရဉ္စရာချောင်းရေမြင့်တက်မှုကြောင့် ကလေးမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၂၀ ရက် အထိ ရေဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉ ဦးထိ ရှိခဲ့ကြောင်း လူမှု ဝန်ထမ်း ကယ်ဆယ်ရေး...