Connect with us

Environment, Disasters & Accidents

ဖြူးမြို့အနီး လှုပ်ရှားခဲ့သည့် ငလျင်ကြောင့် လူသေဆုံးမှု နှင့် လူနေအိမ်များ ပျက်ဆီးဆုံးရှုံးမှုမရှိ

၂၀၁၇ ခုနှစ်အတွင်း လှုပ်ရှားခဲ့သော မြေငလျင်များ ၏ အင်အား နှင့် အကြိမ်ရေအလိုက်မှတ်တမ်းများပြပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆.ဝ)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင် လှုပ်ရှားမှုကြောင့် လူသေဆုံးမှုနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးစိုးအောင်က ယနေ့ ဆင်ဟွာကိုပြောကြားသည်။

ဦးစိုးအောင်က “ငလျင်သေး နှစ်ခုထပ်လှုပ်ခဲ့တဲ့နေရာက ဖြူးဆည်က အပြင်ပိုင်း ပျက်စီးမှုတွေတော့ မတွေ့ရဘူး။ ဆည်ထိခိုက်သွားမှု ရှိမရှိကတော့ သက်ဆိုင်ရာဝန်ကြီးဌာန က အသေးစိတ်စစ်ဆေးကြည့် မှ သိရမှာပါ’’ ဟုပြောသည်။

ထို ငလျင် လှုပ်ရှားမှုအား ရန်ကုန် ၊ တောင်ငူ ၊ ဖြူး ၊ ပြည် မြို့များနှင့် နေပြည်တော်တို့မှ ခံစား သိရှိခံစားခဲ့ရသည်။

ငလျင်နှင့် ပတ်သက်သည့် ပညာပေးမှုများ၊ နောက်ဆက်တွဲငလျင် နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များအား လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူများ အား အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငလျင်လှုပ်ရှားသည့် နေရာအနီးတွင် တည်ရှိသော ဇောင်းတူ၊ ရဲနွယ်၊ ခပေါင်း၊ ရွှေကျင်၊ ဖြူးချောင်း၊ သောက်ရေခပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ တမံများ၊ ရေယူအဆောက်အဦများ၊

Switchyard များ နှင့် ဝန်ထမ်းအိမ်ယာနှင့် ဆက်စပ် အဆောက်အဦးများ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု ယိုယွင်းမှု မရှိပါကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၁၂ ရက် နေ့ ၀၀:၅၆ နာရီ ဖြူးအနောက်ဖက် ပဲခူးရိုးမအတွင်း၌ ပြင်းအား ပမာဏ ၆.၀ ရှိ ငလျင်လှုပ်ပြီး နောက်ဆက်တွဲ ၅.၃ ရှိသည့် ငလျင် ၃ခု၊ ၄.၃နှင့် ၄.၆ ရှိ ငလျင် ၂ခုလှုပ်ရှားခဲ့သည်။

ဖမ်းယူရရှိသည့် ငလျင်လှိုင်း မှတ်တမ်းအရ မြေထုလှုပ်ရှားပုံသည် အနောက်တောင်ဖက်က ငုတ်ဝင်သလိုမျိုး ဖြစ်ကြောင်း၊ reverse Fault ဖြစ်သောကြောင့်လည်းကောင်း၊ ငလျင်ဗဟိုချက်နေရာကြောင့် လည်းကောင်း စစ်ကိုင်းပြတ်ရွေ့နှင့် တိုက်ရိုက်နွယ်၍ မဆိုသာကြောင်း၊ ပဲခူးရိုးမမြင့်တက်မှု ဖြစ်စဉ်ဟု ယေဘုယျသဘော ပြောရမည်ဖြစ်ကြောင်း ၊ ငလျင်ပမာဏချင်း တူလျှင် reverse Fault သည် strike-slip Fault ထက်ပိုပြင်းကြောင်း စစ်ကိုင်းပြတ်ရွေ့သည် strike-slip Fault ဖြစ်ကြောင်း ငလျင်ကော်မတီ က သတင်းထုတ်ပြန်ခဲ့သည်။

ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိဘဲ ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ဘေးအန္တရာယ်ဖြစ်သော ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းအား လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ ယနေ့ထုတ်ပြန်ခဲ့သည်။

အင်အားပြင်းငလျင်များဖြစ်ပေါ်လာပါက လည်းပျက်စီးဆုံးရှုံးမှု ကြီးမားတတ်ပြီး နောက်ဆက် တွဲငလျင်ငယ်များ (Aftershocks) လှုပ်ခြင်း၊ ရေကာတာကြီးများကျိုးပျက်၍ ရေလွှမ်းခြင်း၊ တောင်ပြို ခြင်း၊ မြေပြိုခြင်း၊ ဆူနာမီရေလှိုင်းများဖြစ်ပေါ်နိုင်ခြင်း၊ ရုတ်တရက်လျှပ်စစ်ကြိုးများပူးသွားခြင်းကြောင့် လျှပ်စစ်မီးပွားမှတဆင့် မီးလောင်ခြင်း၊ လောင်စာဆီ၊ ဓါတ်ငွေ့ပိုက်များ ပျက်စီးရာမှတဆင့် မီးလောင် ကျွမ်းခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများကိုဖြစ်ပေါ်စေနိုင်ကြောင်း၊ ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်လတ်နှင့်ငလျင်ငယ်များသည် နာရီပိုင်း၊ ရက်ပိုင်း၊ သီတင်း ပတ်ပိုင်းမှသည် လပိုင်းအထိဆက်လက်ဖြစ်ပွားနိုင်ပြီး ကွဲအက်ချိနဲ့သွားသော တိုက်တာအဆောက်အဦ များ၊ လမ်း၊တံတားများသည် နောက်ဆက်တွဲမြေငလျင်များကြောင့် ထပ်မံပျက်စီး၊ ပြိုကျတတ်ကြောင်း၊ အဆောက်အဦများတွင် အုတ်ကျိုးအုတ်ပဲ့များပြိုကျမှု၊ လျှပ်စစ်ဓါတ်ကြိုးများပြုတ်ကျမှုနှင့် အခြားဘေး အန္တရာယ်များရှိနိုင်ကြောင်းကိုလည်းသတိရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်းအင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ မြေငလျင်များအကြိမ် (၇၀) ခန့် လှုပ်ခတ်ခဲ့ပြီးနိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ယခုဇန်နဝါရီလတို့တွင် မကြာခဏလှုပ်ခတ်လျက်ရှိသဖြင့်ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် လိုအပ်ကြောင်း၊ ပြည်သူများအား အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.