Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

ဖြူးမြို့ အနီးနောက်ဆုံး နောက်ဆက်တွဲ လှုပ်ခတ်ခဲ့သည့် မြေငလျင် ဗဟိုချက်ပြ မြေပုံအား တွေ့ရစဉ်(ဓာတ်ပုံ-မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်တောင်ဘက် ၂၁ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ သတင်း ထုတ်ပြန်ခဲ့သည်။

ယခု လှုပ်ခတ်သွားသည့် မြေငလျင်မှာ ဖြူးမြို့ အနောက်ဖက် ပဲခူးရိုးမ အတွင်း ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး(၆.ဝ)အဆင့်ရှိ မြေငလျင်၏ နောက်ဆက်တွဲ မြေငလျင် ဖြစ်ပြီး ထိုနေရာတလျှောက်တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်မှာ ယနေ့တွင် စုစုပေါင်း ၇ ကြိမ် ရှိနေပြီ ဖြစ်ကြောင်း မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ပြောသည်။

ယခု နောက်ဆုံးလှုပ်ခတ်ခဲ့သည့် နောက်ဆက်တွဲ မြေငလျင်သည် မြန်မာစံတော်ချိန် (၂၁)နာရီ (၅၃)မိနစ် (၅၆)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက်မိုင်(၁၀၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြိ့ု၏ အနောက်တောင်ဘက် (၂၁) မိုင်ခန့် အကွာ)ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ယခု လှုပ်ခတ်သည့် မြေငလျင်ကြောင့် ဖြူးမြို့၌ ခံစား သိရှိရပြီး ပျက်စီး အသေအပျောက် မရှိကြောင်း သိရသည်။ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆.ဝ)အဆင့်ရှိ မြေငလျင်သည် ယနေ့ ဇန်နဝါရီ ၁၂ ရက် ၊ မြန်မာစံတော်ချိန် ၀၀ နာရီ၊ ၅၆ မိနစ်၊ ၂၃ စက္ကန့် အချိန်တွင် စတင် လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ မြေငလျင်များ အဖြစ် အင်အားရစ်(ခ်)တာစကေး ၅.၃ အဆင့်ရှိ မြေငလျင် ၃ ကြိမ် ၊ အင်အားရစ်(ခ်)တာစကေး ၄.၇ အဆင့်ရှိ မြေငလျင် ၁ ကြိမ် ၊ အင်အားရစ်(ခ်)တာစကေး ၄.၆ အဆင့်ရှိ မြေငလျင် ၁ ကြိမ် လှုပ်ခတ်ခဲ့ပြီး ယခုအခါ အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ကာ စုစုပေါင်း ၇ ကြိမ်ထိ ရှိခဲ့ကြောင်း မြေငလျင် သတင်း ထုတ်ပြန်မှုများအရ သိရသည်။ထိုမြေငလျင် လှုပ်ခတ်မှုများကြောင့် ယခုအချိန်ထိ သေဆုံး ၊ ထိခိုက် ပျက်စီးဆုံးရှုံးမှုများ မရှိသေးကြောင်း သတင်း ထုတ်ပြန်ထားမှုများ အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.