ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ထက်ပိုခဲ့ပြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ အောက် လျော့နည်းခဲ့ကြောင်း မိုးလေဝသ နှင့်...
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ပျဉ်းမနားမြို့နယ်၌ တားမြစ်မိန့်ထုတ်ပြန်ထားသော နယ်မြေအတွင်း ရွှေခိုးတူးရာမှ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန် ဒိုက်ငြိ၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သမ္ဗန်မောင်း အပါအဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ပျောက်ဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက် ကမာကြည်လမ်းရှိ Yangon Pan. Pacific International ကိုရီးယား အထည်ချုပ်စက်ရုံ မီးလောင်မှုကြောင့် ကျပ် သိန်း ၇၀၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်းရှိ လက်ဆောင်ယူကျေးရွာနှင့် ပုဏ္ဏားခြံကျေးရွာ များတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအား ဇန်နဝါရီလအတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အနောက်ဘင်္ဂလားကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေအနီးမှ ရွေ့လျားဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ် အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ၏ အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာခြင်း၊ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင် ကြပါရန်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်သတိပြုနိုင်ရန် မိုးလေဝသ နှင့်...
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဒီဇင်ဘာလ ဒုတိယ ( ၁၀) ရက်ပတ်တွင် ကျဆင်းနိုင်သည့် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ ထိန်းသိမ်း စောင့်ရှောက်ထားသော ကျားထီး မိုက် နှင့် ကျားမ ဒေစီ တို့မှ ပေါက်ပွားခဲ့သည့် အသက် ၃ လသား အရွယ် ကျားငယ်လေး နှစ်ကောင်အား အများပြည်သူ ကြည့်ရှုနိုင်ရန် ဒီဇင်ဘာ ၅...
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသည့်အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ...