Connect with us

Environment, Disasters & Accidents

အမြန်လမ်းမကြီး၌ ၂ဝ၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၅၅၅ ကြိမ် ဖြစ်ပွား ၊ ၁၁၆ ဦး သေဆုံး

ယာဉ်အန္တရာယ် လျှော့ချရေးလက်ကမ်းစာစောင် ဖြန့် ဝေနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အမြန်လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့)

ရန်ကုန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်၌ ၂ဝ၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၅၅၅ ကြိမ် ဖြစ်ပွား ခဲ့၍ ၁၁၆ ဦးသေဆုံးပြီး ၈၆၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ၂ဝ၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများ ဖြစ်ပွား ရခြင်းမှာ အရှိန် ပြင်းထန်စွာ မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆမှု ၁၅၃ ကြိမ်၊ ယာဉ်မောင်း အိပ်ငိုက်မှုကြောင့် ၇၄ ကြိမ်၊ လမ်းကူးသူ ပေါ့ဆမှု ကြောင့် ၂၂ ကြိမ်၊ ဆိုင်ကယ်ပေါ့ဆမှုကြောင့် ၈၁ ကြိမ်၊ မဆင်မခြင်မောင်းနှင်မှုကြောင့် ၅၉ ကြိမ်၊ ဘီးပေါက်မှုကြောင့် ၁၃၇ ကြိမ်၊ စက်ချို့ယွင်းမှု ကြောင့် ၂၄ ကြိမ်၊ လမ်းချော်မှုကြောင့် ငါးကြိမ် စုစုပေါင်း ယာဉ်မတော်တဆမှု ပေါင်း ၅၅၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ်အတွင်းက ယာဉ်မတော်တဆမှု ၇၄၄ ကြိမ်ဖြစ်ပွားခဲ့၍ လူ ၁၇ဝ သေဆုံးပြီး ၁၃ဝ၄ ဦး ဒဏ်ရာ ရရှိခဲ့၍ ယခုနှစ်တွင် ယမန်နှစ်ကထက် ယာဉ်မတော်တဆမှု လျော့နည်းခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာ ရရှိသူ ဦးရေလည်း လျော့နည်းသွားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.