Connect with us

Environment, Disasters & Accidents

ပဲခူးမြို့နယ် ၊ မိုးညိုမြို့နယ်၊ မင်းဒူးကျေးရွာ တံတားအနီး တွင် မြေပြိုကျ၍ ကတ္တရာလမ်းတစ်ဝက်ခန့် ပျက်စီး

ကတ္တရာလမ်းတစ်ဝက်ခန့် ပျက်စီးမှုအားမြင်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ပဲခူးမြို့နယ် ၊ မိုးညိုမြို့နယ်၊ မင်းဒူးကျေးရွာ တံတားအနီး မိုင်တိုင် (၅၄/၃-၄)ကြားတွင် ပေ၅၀ခန့်မြေပြိုကျ၍ ကတ္တရာလမ်းတစ်ဝက်ခန့် ပျက်စီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ ၁၀း၀၀နာရီ အချိန် လေးမျက်နှာမြို့နယ် မဲဇလီကျေးရွာ၌ ငဝန်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမည်စိုးရိမ်သဖြင့် မြစ်ကမ်းပါးအနီးရှိ နေအိမ် ၄ လုံးအား ဖျက်သိမ်းပြီးကျေးရွာအတွင်းရှိ ဆွေမျိုးများ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.