ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၃)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန်တိမ်တိုက်များနှင့် အရှေ့ဘက်မှရွေ့လျား လာသော လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် အရှေ့ဘက်မှ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထူးခြားမိုးလေဝသ အခြေအနေအား ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေတောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက် (၂၄)နာရီ အတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) တိုက်ကြီးမြို့နယ်၊အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စုအေးရွာကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၀ လုံးအားဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် (၂၇)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန ခွဲ မှ ဒုတိယဦးစီးမှုး ဒေါ်စုနှင်းထွေးက ဆင်ဟွာကို ပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ ၏ အရှေ့ဘက် ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် သိသိသာသာ လျော့နည်းနေပြီး လက်ရှိဖြစ်ပေါ်နေသော လေထုဖြစ်စဉ်များမှာလည်း အင်အားအနည်းငယ်ရှိသည့် လာနီညာအခြေအနေသို့ ရောက်ရှိနေကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ဆောင်းရာသီကာလတွင် ဖြစ်ပေါ်လာနိုင်သည့် လာနီညာ အခြေအနေ နှင့် ပတ်သက်သည့် အစီရင်ခံခြင်းအား...
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အောင်လံမြို့နယ်၌ ရထားနှင့်ကားတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ ကယားပြည်နယ် နှင့် မွန်ပြည်နယ်တို့ တွင် နိုဝင်ဘာလ ၏ ပျမ်းမျှ ညအပူချိန်အောက် လျော့နည်းခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။