Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ မြေငလျင်လှုပ်ခတ်

ငလျင်လှုပ်ရှားမှုအား မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားမှုအား တွေ့ရစဉ် (ဓာတ်ပုံ-မိုးလေဝသ)

ရန်ကုန် ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယနေ့ ည ၁၀နာရီ ၄၉မိနစ်တွင် အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် (၃၃၀)မိုင်ခန့့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ခန္တီးမြို့၏ မြောက်-အရှေ့မြောက်ဘက် (၆၁) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။” ဒီနေ့ တစ်နေ့ထဲ ငလျင်နှစ်ကြိမ် လှုပ်ရှားသွားပါတယ်။ မနက်က လှုပ်ရှားတဲ့ငလျင်ကတော့ အပျက်အစီးမရှိပါဘူး။ လှုပ်ရှားမှုကို သိရှိတဲ့အဆင့်ပါပဲ။ ခုလှုပ်ရှားတာလဲ အင်အားအသင့်အတင့်ရှိ ငလျင်ငယ်ပါ”ဟု

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။ယနေ့ မြန်မာစံတော်ချိန် (၀၂)နာရီ (၅၃)မိနစ် (၃၄)စက္ကန့် အချိန်တွင်လည်း မန္တလေးမြေငလျင်စခန်းမှ အနောက်ဘက် (၁၁၆)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မုံရွာမြိ့ု၏ အနောက်-အနောက်တောင်ဘက် (၅၅)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့သေးသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.