Connect with us

Environment, Disasters & Accidents

မုံရွာမြို့၏ အနောက်-အနောက်တောင်ဘက် (၅၅)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အား ၅.၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

မိုးဇလ ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံပြည်တွင်း မုံရွာမြို့၏ အနောက်-အနောက်တောင်ဘက် (၅၅)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နေ့ နံနက်တွင် အင်အားရစ်(ခ်)တာစကေး (၅.၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ယနေ့ မြန်မာစံတော်ချိန် (၀၂)နာရီ (၅၃)မိနစ် (၃၄)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်ဘက် (၁၁၆)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မုံရွာမြိ့ု၏ အနောက်-အနောက်တောင်ဘက် (၅၅)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ ငလျင်တစ်ခုလှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊ ငလျင်ဌာနခွဲ မှ တာဝန်ရှိသူ တစ်ဦးက “ဒီငလျင်က အပျက်အစီးမရှိပါဘူး။ ငလျင်လှုပ်ရှားမှု ကို သတိပြုမိတဲ့ အဆင့် ပဲရှိပါတယ်’’ ဟု ဆင်ဟွာကို ယနေ့ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.