Connect with us

Environment, Disasters & Accidents

ကျောက်တင်ယာဉ်နှင့် Light Truck ယာဉ်နှစ်စီးတိုက်မှုကြောင့် တစ်ဦးသေ ၁၁ဦး ဒဏ်ရာရရှိ

ပျဉ်းမနား၌ ကျောက်တင်ယာဉ်နှင့် Light Truck ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားစဉ်(ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ပျဉ်းမနားမြို့နယ် ကျီးအင်းကျေးရွာအနီး မြို့ရှောင်လမ်းတွင် ဒီဇင်ဘာ ၂၂ရက်နေ့က ကျောက်များတင်ဆောင်လာသော ၆ဘီးကားနှင့် Light Truck ယာဉ်တို့တိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကျောက်တင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ Light Truck ယာဉ် ဝဲ/နောက်ဘေး ကိုယ်ထည်အား ဝင်ရောက် တိုက်မိမှုကြောင့် Light Truck ယာဉ်ပေါ်ပါ တစ်ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့သဖြင့် နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ယင်း ဒဏ်ရာရရှိသူ ၁၁ဦးတွင် ၉ဦးမှာ အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း ကျန်၂ဦးသည် စိုးရိမ်ရကြောင်း သိရသည်။ကျောက်တင်ယာဉ်မှ ယာဉ်မောင်းအား ပျဉ်းမနားမြို့မရဲစခန်းမှ ယာဉ်(ပ)၅၅/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.