ရန်ကုန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ဇန်နဝါရီ ၁ ရက်မှ သြဂုတ်လကုန်အထိ ၈ လတာ အတွင်း ယာဉ် မတော်တဆမှု ပေါင်း ၃၆၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၅ ဦး နှင့် ဒဏ်ရာ ရရှိသူ...
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) စစ်တောင်းမြစ် နှင့် ငဝန်မြစ်ရေများ မြင့်တက်လျက်ရှိသည့်အတွက် မဒေါက်မြို့၊ ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့နယ်များ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတိပေးချက်ထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာလ ၁ရက် နံနက်အစောပိုင်း ၁နာရီ ၃၀ မိနစ်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မိုင်းဖြတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၇၁၁/၃၁၄ ကြားတွင် မိုးသည်းထန်စွာ အဆက်မပျက် ရွာသွန်းမှုကြောင့် တောင်ကမ်ပါးယံပြိုကျမှုများ ၄နေရာခန့် ဖြစ်ပွားပြီး...
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေတိုးလာမှုကြောင့် တောင်ငူမြို့နယ်အတွင်း မြစ်ကမ်းနဘေး နေထိုင်သည့် နေအိမ်များ ရေဝင်ရောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမြို့နယ်လေးမြို့ နယ်တွင် ကြိုးကြာခေါင်းနီငှက်သိုက် ၅ဝခု တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်း သစ်ထုတ်လုပ်မှုအပေါ် မှီခိုမှုအား လျှော့ချနိုင်ရေးအတွက် ဝါးနှင့် ကြိမ် သယံဇာတများ ထုတ်လုပ် အသုံးပြုခြင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ သိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများအား အားပေး မြှင့်တင်ခြင်း စသည့် နယ်ပယ်များတွင် သယံဇာတနှင့် သဘာ၀...
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်၊ ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်၊ တိုးမြစ် တို့ မြစ်ရေများမြင့်တက်နေသည့်အတွက် မြစ်ကြောင်းတလျောက်ရှိ စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည် ပုဂံဘုရားများအနက် တစ်နှစ်တာအတွင်း စေတီငယ် ၂၂၄ ဆူကို ပြုပြင် ပြီးစီးပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာသို့ပြောသည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈×၃၈ လမ်းထောင့်၊ အကွက် (၆၅၂) ရှိ 78 Shopping Mall အဆောက်အဦးအဟောင်းအား ဖြိုဖျက်စဉ် စလပ်ပြင်ပြိုကျမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း နှင့် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေသို့ ရွေ့လျားဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။