Connect with us

Environment, Disasters & Accidents

ပျဉ်းမနားမြို့နယ်၌ တားမြစ်မိန့်ထုတ်ပြန်ထားသော နယ်မြေအတွင်း ရွှေခိုးတူးရာမှ အမျိုးသမီး ၁ ဦးသေဆုံး

ရွှေခိုးတူးသည့်နေရာအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ပျဉ်းမနားမြို့နယ်၌ တားမြစ်မိန့်ထုတ်ပြန်ထားသော နယ်မြေအတွင်း ရွှေခိုးတူးရာမှ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ ၁၄း၅၀ နာရီ အချိန် ပျဉ်းမနားမြို့နယ်၊ ဝဲကြီးကျေးရွာ ဆင်ဖြူတောင် တောင်ဘက် အုန်းတော ဘုန်းကြီးကျောင်း အနီး (မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတားမြစ်မိန့်ထုတ်ပြန်ထား သည့်နေရာ)၌ ဒေါ်မမလေး(၅၇) နှစ် ပါ ၄ ဦးတို့သည် ရွှေခိုးတူးရာမှ မြေပြိုကျ၍ ဒေါ်မမလေးတွင် ပေါင်၊ ပုခုံး၊ ခြေသလုံး ဖူးရောင် ဒဏ်ရာဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးသွားပြီး ဦးမောင်မောင် (၄၀)နှစ်အပါအဝင် အမျိုးသား ၃ဦး တို့သည် ခေါင်း/ ရင်ဘတ်၊ လက်မောင်း ပေါက်ပြဲ ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ပျဉ်းမနား၊ ကုတင်(၂၀၀) ပြည်သူ့ ဆေးရုံ သို့ ပို့အပ်ခဲ့ပြီး ၂၁း၁၀ နာရီ အချိန်တွင် ဒေါ်မမလေး သေဆုံးမှုအား ပျဉ်းမနားမြို့မရဲစခန်း မှ သေမှုသေခင်းအမှတ်စဉ် ၃၄/၂၀၁၇ ရေးဖွင့်စစ်ဆေး လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူ ဦးမောင်မောင်ပါ ၃ ဦးအား ရာဇသတ်ကြီး ပုဒ်မ ၁၈၈ (ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်သော အမိန့်ကိုဖီဆန်မှု)ဖြင့် မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ရန် စီစဉ်ထား ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.