ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ်ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု ကိုးမိုင်-ပေါက်ပင်ကွင်းရထားလမ်းပိုင်းမိုင်တိုင် ၂၈၁/၂၂-၂၃ အကြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုမှု ဖြစ်ပွားခဲ့ရာ ရထားသံလမ်းပေါ်သို့ အလျား(၂၁) ပေ ၊ အမြင့်(၆)ပေခန့် မြေကြီးများ ဖုံးလွှမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး လှိုင်းဘွဲ့ ချောင်းရေ မြင့်တက်လာ၍ အနိမ့်ပိုင်း ဒေသများသို့ ရေဝင်နစ်မြုပ်မှုများ ရှိသဖြင့် ရေဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေး စခန်းများ သို့ပြောင်းရွှေ့နေရာ ချထားပေးထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ...
ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) မြစ်ရေများ မြင့်တက်နေသည့်အတွက် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန် လာသောကြောင့် ဇူလိုင် ၁၈ ရက်နေ့မှစ၍ ရေကြီးနစ်မြုပ်လျက် ရှိသောကျောင်းများ ယာယီပိတ်ထားကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဇလိုင် ၁၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက် (၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားကောင်းလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ယနေ့ ဇူလိုင် ၁၇ ရက်နေ့ နံနက် ၃ နာရီ ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက် ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တစ်ချို့ရှိ သစ်ပင်ကြီးများပြိုလဲကာ လူနေအိမ် တစ်ချို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော...
ရန်ကုန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) စစ်ကိုင်းမြို့၊ ကံတလူတိုးဂိတ်အနီး၌ ခရီးသည်တင် မှန်လုံယာဉ်အား ရပ်တန့် ရှာဖွေ စစ်ဆေးရာ တရားမဝင် သယ်ဆောင် လာသည့် သစ်တောထွက် ပစ္စည်းများ နှင့် အိမ်သုံး ဆေးဝါးများအား ဇူလိုင်လ ၁၅ ရက်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ...
ရန်ကုန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) ဧရာဝတီ မြစ်ရေ ဆက်တိုက် မြင့်တက်မှုကြောင့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ၇ မြို့နယ်တို့တွင် ဇူလိုင် ၁၆ ရက်အထိ စာသင်ကျောင်း ၁၂၉ ကျောင်းကို ယာယီပိတ်ထားရကြောင်း တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနမှ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) ဧရာဝတီ ၊ ချင်းတွင်း နှင့် ငဝန် မြစ်ရေများသည် ယနေ့ဇူလိုင် ၁၆ ရက် မွန်းလွဲပိုင်း အချိန် တိုင်းထွာချက်များ အရ စိုးရိမ် ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေသဖြင့် မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်းနေထိုင်...