Connect with us

Environment, Disasters & Accidents

ဆည်တော်ကြီး ရေလှောင်တမံရေထုတ်လွှတ်သည့် အတွက် မန္တလေး-မိုးကုတ် ကားလမ်း မိုင်တိုင်(၂၅/ဝ-၂)ကြား လမ်းရေကျော်မှုဖြစ်ပွား

မတ္တရာမြို့နယ်အတွင်း ဆည်တော်ကြီးရေလှောင်တမံရေထုတ်လွှတ်မှုကြောင့် ကားလမ်းရေကျော်မှုအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

မတ္တရာမြို့နယ်အတွင်း ဆည်တော်ကြီး ရေလှောင်တမံ အား အောက်တိုဘာလ၊ ၁၅ ရက်နေ့၊ နံနက် ၁၀း၃၀ နာရီ အချိန် ရေထုတ်လွှတ်ခဲ့သည့် အတွက်ကြောင့် တံငါကျေးရွာအနီး မန္တလေး-မိုးကုတ် ကားလမ်း မိုင်တိုင်(၂၅/ဝ-၂)ကြား လမ်းအလျား(၅၀)ပေ ခန့်အားရေအမြင့် (၂)ပေခန့် ဖြတ်ကျော် စီးဆင်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုရေဖြတ်ကျော်စီးဆင်းမှုကြောင့် အလျား(၃)ဖာလုံ အနက်(၆)လက်မခန့် လမ်းပျက်စီးသွားသဖြင့် ခရီးသွားများအား ကြိုးတန်းသွယ်တန်းကာ လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.