Connect with us

Environment, Disasters & Accidents

တိုက်ကြီးတွင် တောဆင်ရိုင်းများဖျက်ဆီးမှုကြောင့် ကြံစိုက်ဧက ၄ဝ ကျော်နှင့် နေအိမ်တစ်လုံးပျက်စီး

တောဆင်ရိုင်းတစ်ကောင်အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာ အုပ်စု ကွမ်းသီးမြောင်းကျေးရွာ၌ အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီခန့်တွင် တောဆင်ရိုင်းအုပ်စုက ကြံစိုက်ဧက ၄ဝ ကျော်နှင့် နေအိမ် တစ်လုံး ဖျက်ဆီးသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ တောဆင်ရိုင်းများသည် နေ့စဉ် ညနေ ၄ နာရီတွင် အစာရှာထွက်လေ့ ရှိပြီး အုပ်စုလိုက်သွားလာတတ်ကြ ကြောင်း၊ လူနေအိမ်များအတွင်း ဆန်၊ စပါးနှင့် ဆားများအား ရှာဖွေစားတတ် ကြကြောင်း၊ ဒေသခံတောင်သူများနှင့် ထိပ်တိုက်တွေ့ရှိပါက ရန်မူတတ်ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်အတွင်း တောဆင် ရိုင်းအကောင်ရေ ၄ဝ ကျော် အုပ်စုဖွဲ့ သွားလာတတ်ပြီး ဆောင်းရာသီ စပါးပေါ် ချိန်နှင့် နွေရာသီများတွင် တိုက်ကြီး မြို့နယ်အရှေ့ဘက်၊ ပဲခူးရိုးမအနောက် ခြမ်းတို့ရှိ ကျေးရွာများတွင် သွားလာ အစာရှာထွက်ကြကြောင်း ဆောင်းဦး ပေါက် ကြံရာသီပေါ်ချိန်များတွင် စမ်းရွာ ကျေးရွာ၊ ကင်းမတီကျေးရွာ၊ ကွမ်းသီးမြှောင်ရွာ၊ လဟာမငယ် ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာရှိ စပါး၊ ကြံခင်းများတွင် တောဆင်ရိုင်း များ ဝင်ရောက်စားတတ်ကြောင်း၊ မြိုင် ဟေဝန်ဆင်စခန်းရှိ ဆင်ဦးစီးတစ်ဦးက ပြောသည်။

ယခုအခါ ဆင်စားကျက်များတွင် လူတို့ဝင်ရောက်လာကြပြီး စိုက်ပျိုးရေး များ ပြုလုပ်ခြင်း၊ သစ်တောများ ထူ ထောင်ခြင်း၊ လူနေအိမ်များနေထိုင်ခြင်း ကြောင့်၊ တောဆင်ရိုင်းများ စားကျက် ပျောက်ကာ စပါး၊ ကြံခင်းများ ဝင်ရောက် စားသောက်ခြင်း၊ လူနှင့် ထိပ်တိုက်တွေ့ ဆုံလျှင် ပဋိပက္ခဖြစ်ခြင်းများ ကြုံတွေ့ လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)