Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့၌ မြေစာပြိုကျသဖြင့် ရေမဆေးကျောက်ရှာဖွေသူ(၂)ဦး ဒဏ်ရာရရှိ၊ ၁ဦးပျောက်ဆုံး

၂၀၁၆ ခုနှစ်တွင် ဖားကန့်မြို့နယ် အတွင်းဖြစ်ပွားခဲ့သည့် မြေစာပုံ ပြိုကျမှု တစ်ရပ် အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ဖားကန့်မြို့၌ အမြင့်(၁၅၀)ပေခန့်ရှိ မြေစာပြိုကျသဖြင့် ရေမဆေးကျောက်ရှာဖွေသူ(၂)ဦး ဒဏ်ရာရရှိခဲ့ကာ (၁)ဦး ပျောက်ဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ ၁၅၃၀ အချိန် ဖားကန့်မြို့ သာယာကုန်း ရွာအနီး နိုင်ငံတော်နှင့် အကျိုးတူ မြန်မာ စိမ်းလဲ့အောင် ကုမ္ပဏီလုပ်ကွက်အတွင်း အမြင့်(၁၅၀)ပေခန့်ရှိ မြေစာပြိုကျသဖြင့် ရေမဆေးကျောက် ရှာဖွေသူ ဆောင်ဘွန်း(၂၃)နှစ်၊ ကချင်/ခရစ်ယာန်၊ (ဘ)ဦးဘုံချမ်း၊ မှော်စာကျေးရွာ ၊ဖားကန့်မြို့နယ်နေသူပါ (၂)ဦးတွင် ဦးခေါင်း၊ နဖူး၊ မေးရိုးဖူးရောင်၊ ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိ၍ ဖားကန့်မြို့ ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူခဲ့ရာ ၂၁၃၀ အချိန် ဒဏ်ရာသက်သာ၍ ဆေးရုံမှ ဆင်းသွားခဲ့ကြောင်း၊ ဇောင်းခေါင် (စိစစ်ဆဲ)မှာ မြေစာဖုံးနစ်မြုပ်(ပျောက်ဆုံး)သွားသဖြင့် ရှာဖွေခဲ့ရာ မတွေ့ရှိသောကြောင့် ယနေ့ (အောက်တိုဘာ ၁၇ ရက်) တွင် ဆက်လက်ရှာဖွေရန် စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.