ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံပြည်တွင်း (ထမံသီမြိ့ု၏ အနောက်တောင်ဘက် မိုင်(၁၁)ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၅)အဆင့်ရှိ အင်အား အနည်းငယ်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီး တို့တွင် စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများ အနက် ရန်ကုန် နှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု အများဆုံး ဖြစ်သကဲ့သို့သေဆုံးသူ ဦးရေမှာလည်း...
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက် (၇၃)လမ်း (၇၄)လမ်း ကြား၊ (၃၄)လမ်းရှိ ရွှေအိုး(၂)ဒိန်ချဉ်နှင့် မုန့်တီဆိုင်မှ အဲယားကွန်းအပူလွန်ကဲရာမှ အောက်တိုဘာ ၅ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့ရာ ကျပ် ၁၅သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန်အတွက် သြစတြေးလျနိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရိုနှစ်သန်းကို ထောက်ပံ့မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတား ဌာနထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) လမ်းစည်းကမ်းချိုးဖောက်သော မော်တော်ယာဉ်များကို ဥပဒေနှင့်အညီ ဒဏ်ကြေးငွေများ နှစ်ဆတိုးမြှင့်ဒဏ် ရိုက်ကောက်ခံခဲ့ရာ စက်တင်ဘာလအတွင်း အမှုပေါင်း ၅၂၈၇မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ယာဉ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် ၂၄ နာရီခန့်က အနောက်တောင်မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း နှင့် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မိတ္ထီလာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်ခြေ ၃၀၀ ခန့် မိုးရေလျှံတက် ဝင်ရောက်မှုဖြစ်ပေါ်လျက် ရှိပြီး ယင်းရေလျှံတက်ဝင်ရောက်သည့်အိမ်ခြေ ၃၀၀ ခန့်အနက် အိမ်ခြေ ၁၄အိမ် ခန့်သာလုံးဝနေထိုင်၍ မရသည့်အနေအထား တွင်သာရှိသေးသဖြင့် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားခြင်းမျိုးမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်တော်သာ ရပ်ကွက်တွင် တောင်ကြီးမီးပုံးပျံပွဲအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ မီးလောင်ကျွမ်းပြီး ကျပ် ၂၅သိန်းခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း တောင်ကြီး မီးသတ်ဦးစီးထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ယခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရှိ မွေတော် ကက္ကူဘုရား ပရိဝုဏ် အတွင်းရှိ စေတီ ပုထိုးပေါင်း များစွာ ပျက်စီးခဲ့ရာ အဆိုပါ ပျက်စီးမှုများကို ရှေးမူလက်ရာ မပျက် ပြန်လည်...
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာလ (၃)ရက်မှ (၇)ရက်အတွင်း မြန်မာတစ်ပြည်လုံးမှ ဆုတ်ခွာသွားနိုင်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၁) ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။