ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) မြန်မာကမ်းရိုးတန်းသို့ ၅နာရီမှ ၈နာရီတွင်း ဆူနာမီလှိုင်းများရောက်နိုင်ကြောင်း ပြီးခဲ့သည့် နာရီပိုင်းအတွင်းက ထုတ်ပြန်ခဲ့သော်လည်း ဆူနာမီဘေးအန္တရာယ်ကို ဒေသတွင်း ဆူနာမီသတိပေးချက်ဗဟိုဌာနများဖြစ်သော (အိန္ဒိယ – INCOIS၊ အင်ဒိုနီးရှား – BMKG နှင့် သြစတြေးလျနိုင်ငံ – JATWC) တို့နှင့်အတူ...
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) ဆူမတြားကမ်းလွန်၌ ဆူနာမီလှိုင်းဖြစ်ပေါ်လာလျှင် မြန်မာကမ်းရိုးတန်းသို့ ၅ နာရီမှ ၈ နာရီအတွင်း ဆူနာမီလှိုင်းများရောက်နိုင်သဖြင့် ကမ်းရိုးတန်းနေပြည်သူများကို မြန်မာနိုင်ငံ ငလျင်ကော်မတီက ယနေ့ ညပိုင်း သတိပေးထုတ်ပြန်လိုက်သည်။ တနင်္သာရီ၊ ဧရာဝတီနှင့် ရခိုင် ကမ်းရိုးတမ်းရှိ လှေများ၊ ကမ်း ခြေနေထိုင်သူများ...
ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) နေ့အပူချိန်မြင့်တက်သည့်အတွက် လေပြင်းတိုက်ခိုက်နိုင်သည့် အနေအထားတွင် ရှိကြောင်း ၊ လေပြင်းတိုက်ခိုက်စဉ် တစ်နာရီတွင် ၃၅ မိုင် မှ ၄၀ အထိ တိုက်ခိုက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) မြန်မာ့အာမခံ လုပ်ငန်းမှ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်၏ ကိုးလအတွင်း အလုံးစုံ အာမခံ ထားရှိသည့် ယာဉ်အစီးရေ စုစုပေါင်း ၄၂၉ စီးအတွက် လျော်ကြေးငွေ ကျပ် ၅၁ဝ ဒသမ ၆၇ သန်း ပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရသည်။
ရန်ကုန်၊မတ် ၁ ရက် (ဆင်ဟွာ) အဖျောက်-ရွှေပြည်သာ ၁၀လက်မသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းသည် ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာအနီး ဓညင်းကုန်းလမ်းဆုံမှ ကားလမ်းမိုင်တိုင် ၂ မိုင် ၄ဖာလုံခန့်အကွာ၌ ပိုက်လိုင်းကွဲ၍ ဓာတ်ငွေ့ယိုစိမ့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့များမှ ငြိမ်းသတ်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) အမြန်လမ်း၌ နှစ်လအတွင်း ယာဉ်မတော်တဆမှု ၁၁ မှုဖြစ်ပွား၊ သုံးဦးသေဆုံးပြီး ၄၆ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ) သောက်သုံးရေ ရှားပါးပြတ်လပ် သဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသို့ ရေအကူ အညီ တောင်းခံ သောကြောင့် အကူအညီပေး ရမှုသည် ဖေဖော်ဝါရီလ ၂၅ ရက်အထိ တိုင်းဒေသကြီး လေးခု၊ ပြည်နယ် တစ်ခုနှင့် နေပြည်တော်...
ရန်ကုန်၊ဖေဖော်ဝါရီ၂၈ရက်(ဆင်ဟွာ) မတ်လ လပတ် နှင့် မတ်လ ပထမ(၁၀)ရက်ပတ် တွင် ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ၀ နှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရွှေပြည်သာမြို့နယ် အမှတ်( ၄) လမ်းမကြီး ရဲကျောင်းမှတ်တိုင် အနီးရှိ ဗုံရွှေကုန်း ဂတ်(စ်)ပိုက်လိုင်းသည် ယနေ့ ညနေ ၅နာရီ ၃၀တွင် မီးစတင်လောင်ကျွမ်းပြီး နေအိမ်နှစ်လုံးမီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ကမ္ဘာ့ရှားပါး စာရင်းဝင် ငှက်မျိုးစိတ် ဖြစ်သော ရေညှောင့် နှုတ်ဝိုင်း ငှက်များ ကျက်စားနေသည့် မုတ္တမ ပင်လယ်ကွေ့ကို ရေတိမ်ဒေသ အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနထံမှ သိရသည်။