ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှားပါးမျိုးစိတ်ဖြစ်သည့် အောင်လောင်ငှက် အပါအဝင် မျိုးဆက်ပျက်သုန်းမည့်အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်မှသာ အလားအလာကောင်းနိုင်မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လှိုင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ “သားငှက်တိရစ္ဆာန်တွေကို ဟင်းလျာ အနေနဲ့...
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ယနေ့(ဒီဇင်ဘာ ၂၁ ရက်) နံနက် ၆နာရီကျော်က သဲများတင်ဆောင်လာသည့် ၆ ဘီးယာဉ် တစ်စီးသည် လူနေအိမ်တစ်လုံးအား ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ခြင်းကြောင့် လူ (၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ဦးစီးမှူးက...
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ယခုကာလသည် မြစ်ရေနည်းချိန်ဖြစ်သောကြောင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနအနေဖြင့် ချင်းတွင်းမြစ်အတွင်းပြေးဆွဲလျက်ရှိသော သင်္ဘောခရီးစဉ်များအား လက်ရှိကာလတွင်ရပ်နားထားကြောင်း၊ ဧရာဝတီမြစ်အတွင်းခရီးစဉ် အနေဖြင့် ကုန်ပစ္စည်းများအတွက် မန္တလေး-ဗန်းမော်ခရီးစဉ်အားပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ ရေကြောင်းဌာနမှူးချုပ် ဦးမြင့်သန်းထွန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၈ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသ ဖွံံ့ဖြိုးရေးလုပ်ငန်းပေါင်း ၅၄၇ ခု ဆောင်ရွက်သွားရန်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုက ဆင်ဟွာသို့ ယနေ့ဒီဇင်ဘာ ၁၆ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လာနီညာဖြစ်စဉ်ကြောင့် ဒီဇင်ဘာလထဲ အအေးပိုခြင်း၊လေပွေလှိုင်း တိုက်ခတ်ခြင်းနှင့်အချိန်အခါမဟုတ် မိုးရွာခြင်းဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ / အိမွန်ကျော် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းပြိုကျမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်မှူး က ဆင်ဟွာသို့ ယနေ့ပြောသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ချင်းပြည်နယ်၏အမှတ်အသားဖြစ်ပြီး နေရာဒေသအလိုက်ချင်းပြည်နယ်တွင် ကာကွယ်ထားသည့်အပင်မျိုး စိတ်ဖြစ်သောတောင်ဇလပ်ပန်း ခုတ်ယူခြင်းမရှိစေရေး နှင့် ခုတ်ယူပါက ဥပဒေအရ အရေးယူသွားမည်ဟု သယံဇာတနှင့်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန (ချင်းပြည်နယ်) မှညွှန်ကြားရေးမှူးဦးကျော်မင်းသိန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၀ရက်တွင်ပြောသည်။
ရန်ကုန်၊ ဒီဇင်ဘာ၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ့ပင်လယ်ပြင်၏ ၃ရာခိုင်နှုန်းကျော်ကို အဏ္ဏဝါထိန်းသိမ်းရေးဧရိယာအဖြစ်သတ်မှတ်ပြီးဖြစ်ကြောင်း ၊ ၂၀၂၁ ခုနှစ်တွင် နောက်ထပ် အဏ္ဏဝါထိန်းသိမ်းရေးဧရိယာသစ်များ ထပ်မံသတ်မှတ်ရန်ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဆင်ဟွာသို့ ယနေ့ဒီဇင်ဘာ ၃ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လာနီညာရာသီဥတုဖြစ်စဉ်သည် ဆောင်းရာသီကာလအတွင်း ဒီဇင်ဘာ ၊ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ လများတွင် အားအသင့်အတင့်မှ အားကောင်းသော လာနီညာ အဆင့်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားသည်။
ရန်ကုန်၊ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ငလျင် ၂၀၄ ကြိမ် လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ဒီဇင်ဘာ ၂ ရက်တွင်ပြောကြားသည်။“၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ လှုပ်ခဲ့တာဆိုရင် အင်အားအသင့်အတင့်အနေနဲ့က ၇ကြိမ်ရှိတယ်။ အင်အားပြင်းအနေနဲ့ ၁ကြိမ်ရှိတယ်။...