Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သည့်မီးလောင်မှုများကြောင့် လူ၁၁ ဦးသေဆုံး၊ ၂၄ ဦးထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်ကဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သည့်မီးလောင်မှုများကြောင့် လူ၁၁ ဦးသေဆုံးခဲ့ပြီး အခြားသူ ၂၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ မတ် ၁၄ ရက်၌ပြောသည်။၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ လတွင်မီးလောင်မှုစုစုပေါင်း ၁၉၃ မှုဖြစ်ပွားခဲ့ကြောင်း ယမန်နှစ်အလားတူကာလက မီးလောင်မှု ၂၅၄ မှုဖြစ်ပွားခဲ့ပြီး လူ၁၃ ဦးသေဆုံးကာ ၊ ၁၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

“၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေကြောင့် တစ်နိုင်ငံလုံးမှာ ကျပ်သန်းပေါင်း ၄၄၃.၄၂ ဆုံးရှုံးမှုရှိခဲ့ပါတယ်”ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က တာဝန်ရှိသူကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများမှာ ပေါ့ဆမီး၊ ဝါယာရှော့ခ်ဖြစ်ပွားခြင်း၊ ရှို့မီး၊တောမီးလောင်ကျွမ်းခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်တွင် မီးလောင်ကျွမ်းမှုပေါင်း ၁,၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ၉၆ဦး သေဆုံးခဲ့ကာ အခြားသူ ၁၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

—————————–
11 killed, 24 injured by fire in Myanmar in February
YANGON, March 14 (Xinhua) — Eleven people were killed and 24 others injured by fire in Myanmar in this February, the country’s fire services department said Tuesday.
A total of 193 fire accidents occurred in February this year, as compared to 254 fire accidents that killed 13 and injured 19 in the same period last year, official data showed.
“The fire outbreaks in the country in February this year caused the damage of over 443.42 million kyats (over 211,156 U.S. dollars),” an official from the fire services department told Xinhua.
Most of the fire outbreaks in the country occurred in Yangon Region, followed by Shan State and Mandalay Region respectively, he added.
The causes of the fire accidents included negligence, faulty electrical wiring, arson, forest fire and lightning.
Last year, 96 people were killed and 139 others injured in 1,507 fire accidents in the Southeast Asian country, official figures showed. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.