Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃.၂ သန်း ဖမ်းဆီးရမိ

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူတို့အား တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၃.၂ သန်း သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဧပြီ ၃ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ဟိုတယ်တစ်ခုအနီး ရှိကားစီးကို မတ် ၃၀ ရက် ညနေ ၃:၃၀ နာရီအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်များ စီးနင်းရှာဖွေခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ သံသယရှိသူနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

တစ်နာရီခွဲခန့်အကြာတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ သံသယရှိသူ အမျိုးသားတစ်ဦး၏ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ စိတ်ကြွဆေးပြား ၃.၁ သန်းအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ကျပ်ငွေ ၃ .၂ ဘီလီယံကျော် ရှိကြောင်း သိရသည်။

ကနဦးစစ်ဆေးချက်အရ ၎င်းမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရန် ရည်ရွယ်ထားကြောင်း သတင်းထုထတ်ပြန်ချက်အရ သိရသည်။
သံသယရှိသများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုထားပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)