Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁.၁ သန်းကျော်ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများကို သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁ .၁ သန်း သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) ၏ ထုတ်ပြန်ချက်အရ သိရသည်။မတ်လ ၈ ရက် မွန်းလွဲ ၃ :၄၅ နာရီ အချိန်က မန္တလေး-လားရှိုးလမ်း တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ယာဉ်နှစ်စီးအား ရှာဖွေခဲ့ရာစိတ်ကြွရူးသွပ်ဆေးပြား ၆၀၀,၀၀၀ သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် သတင်းကွင်းဆက်အရ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့က အဆိုပါနေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင်ပင် ရဲတပ်ဖွဲ့က ကားတစ်စီးကို ပူးပေါင်းရှာဖွေခဲ့ရာစိတ်ကြွရူးသွပ်ဆေးပြား ၅၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ကာလတန်ဖိုးအားဖြင့် ကျပ်ငွေ ၁ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၇၆,၁၉၀ ကျော်) ရှိကြောင်း သိရသည်။အဆိုပါအမှုနှင့် ပတ်သက်၍ သံသယရှိသူငါးဦးအား ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.