ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းဖြစ်ပေါ်နေသော အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတိပေးချက်ထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် အင်အားရစ်(ခ်)တာစကေး(၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၅ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၂၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညောင်အုပ်ကျေးရွာအုပ်စု၊ ချင်းလျားကျေးရွာအနီး၊ ကွင်း အမှတ် (၂၂)ရှိ ဇီးတောဆည်(ဆားတောင်ဆည်) အတွင်း ယနေ့ နံနက်ပိုင်းတွင် စက်လှေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ စက်လှေပေါ် လိုက်ပါလာသူများ အနက် လူ ၈ ဦး သေဆုံး...
ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ယခုနှစ် ဇူလိုင်လ အတွင်း တိုင်းဒေသကြီး/ပြည်နယ် အချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၃ ရက် အထိ အခြေ အနေ အရ စစ်ကိုင်း တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့ရှိ လူဦးရေ...
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင် ရောက်လာမှုကြောင့် အခြေခံပညာကျောင်း(၅၈)ကျောင်း ယာယီပိတ်ထားကြောင်း ပြန်ကြားရေးဝနကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေး တိုင်းဒေသကြီးရှိ ရေဘေးရှောင် ပြည်သူ ၁၈၈၇၃ ဦးရေ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ပူးပါင်းကာ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေကြီးမြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၁၇)အုပ်စု အိမ်ထောင်စု ပေါင်း(၁၁၁၈)စု လူဦးရေပေါင်း( ၄၃၆၅)ဦး၊တိရစ္ဆာန်ပေါင်း(၁၂၅၁)ကောင်တို့အား ရေလွတ်ရာကုန်းမြင့်များဖြစ်သည့် နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်များ၊ စေတီပုထိုးများ ၊ဘုန်းတော်ကြီး များသို့ ပြောင်းရွှေ့ နေထိုင်ကြရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) နေပြည်တော်-ရန်ကုန် အမြန်လမ်း မိုင်တိုင် ၁၆၅/၃ အနီးတွင် ခရီးသည်တင်ယာဉ် တစ်စီးသည် ယနေ့ နေ့လည် ပိုင်းတွင် တိမ်းမှောက်ခဲ့ရာ ကနဦး စိစစ်ချက် အရ ဒဏ်ရာ ရသူ အများအပြား ရှိပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း...
ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မတ္တရာ ၊ တံတားဦး နှင့် အမရပူရ မြို့နယ်တို့တွင် ဧရာဝတီ မြစ်ရေ မြင့်တက်မှု ကြောင့် ဇူလိုင် ၂၀ ရက်တွင် စာသင်ကျောင်း စုစုပေါင်း ၂၅ ကျောင်း ခေတ္တ ပိတ်ထားရကြောင်း...